25

8.6K 905 122
                                    

Zawgyi>>>

"ယောလ်လေး...ဟိုကလေး ထထ.."

Xing တစ်ယောက် အခန်းထဲဝင်ကာ တကြော်ကြော်အော်နှိုးနေသည်...

Xing ဆိုတာက Suho ရဲ့ငယ်သူငယ်ချင်း...
Suho တို့သူရှိတဲ့ China  မှာလာနေကြတာလေ....

ဒီနေ့ကယောလ်လေး အသက် ၁၈ ပြည့်မွေးနေ့...

ကိုကို့ဆီကထွက်ပြေးလာတာလဲ လအတော်ကြာခဲ့ပြီဖြစ်သည်...

ယောလ်လေးက
အသက်သာကြီးလာတာ
ရုပ်ကလေးကတော့ အရင်လို barbie ရုပ်လေးအတိုင်းမပြောင်းလဲ...
ကလေးဆန်ပုံကလဲ အရင်အတိုင်းပင်...

ယောလ်လေးနဲနဲတော့ ရင့်ကျက်လာပြီပြောရမည် အရင်လို တငိုငိုလုပ်မနေတော့ပဲ Baekhyun ရဲ့ fanboy လေးအဖြစ် ရှင်သန်တယ်...

Baekhyun ရဲ့သီချင်းတွေနားထောင်တယ် album တွေဝယ်တယ် Baekhyun ဓာတ်ပုံတွေအခန်းထဲကပ်ထားပြီး အလွမ်းဖြေတယ်...

Baekhyun ကိုတွေ့ချင်ရင်သူမငိုတော့ဘူး...

CBX ရဲ့ concert တွေကိုသွားပြီး Baekhyun သတိမထားမိအောင် ခိုးကြည့်တယ် ပြီးရင်ပြန်လာခဲ့တယ်...

ဘာမှတော့သိပ်မထူးခြားတော့ပါ...

အခုလဲ Baekhyun နဲ့နီးကပ်သလို ခံစားရပါသည်...

အခုဆို သူဟို noona တွေရဲ့ ခံစားချက်ကိုနားလည်နေပြီ...
အဲ့ noona တွေလိုပဲ သူလဲအဝေးကချစ်ရတာကိုပဲ ပျော်နေခဲ့ပြီလေ...

ကိုကိုက အရမ်းအောင်မြင်ပြီး ပြည့်စုံတဲ့သူပါ...

သူ့လိုရိုးရိုးလူတစ်ယောက်နဲ့ ချစ်သူဖြစ်ဖို့မထိုက်တန်ဘူး...

ဒါဆို ဘယ်သူနဲ့ထိုက်တန်လဲဆိုတော့လဲ ဘယ်သူနဲ့မှလဲမထိုက်တန်ပါဘူး...

အမြတ်နိုးဆုံးနဲ့ အချစ်ရဆုံးဖြစ်လို့ Baekhyun ဆိုတဲ့ဒီလူသားကို ဘယ်လိုပြည့်စုံတဲ့သူမျိုးနဲ့မှ ယှဉ်မရဖြစ်နေခဲ့တာလေ...

အခုတော့ နားလည်သွားပြီ...

သူ့ကိုမုန်းခဲ့တဲ့ ကိုကို့ Fan တွေက အတ္တကြီးတာမဟုတ်ပါဘူး
ကိုကို့ ကိုကောင်းစေချင်လွန်းလို့...
တခြားမပြည့်စုံတဲ့ဘယ်သူနဲ့မှ မလိုက်ဖက်ဘူးလို့ ထင်ခဲ့ကြတာပဲ...

❤Barbie boy❤Where stories live. Discover now