14

10.1K 970 285
                                    

Zawgyi>>>

"ယောလ်လေးရေ..."

"ဟုတ်!"

ချက်ချင်းဆိုသလိုပြန်ထူးလာသော ယောလ်လေးက Suho ကိုပြုံးစေသည်..

မနက်က Baekhyun ပြန်သွားပြီးကတည်းက အူမြူးနေတဲ့ အကောင်ပေါက်လေး...

အခုလဲ အိမ်နေရင်း အမြှီးလေးပါတဲ့ pooh ဝမ်းဆက်လေးကို ဝတ်ရင်း ဖင်ကိုလှုပ်တုပ်တုပ်နဲ့ ကနေလိုက်တာ...

ဒီကလေးနှယ်
မက်မွန်သီးတွေ ပြုတ်ကျကုန်မှဖြင့် ><

"ဟိုကလေး...လာလာ ဒီကို...ထမင်းပြီးအောင်စား မဆော့နဲ့"

"ဟုတ်ကဲ့ပါဗျ!"

အံမယ်...လိမ်မာလှချည်လား?

Baekhyun နဲ့တစ်ညပဲပေးသိပ်လိုက်တာ ဒီလောက်ထိလိမ်မာသွားတယ်ဆိုတော့ Baekhyun ကလေးကို လိမ်မာအောင် သေချာသင်ပေးလိုက်တာနေမယ်...

စကားလဲနားထောင်ပြီး ပြုံးနေလိုက်တာလဲ ပါးမို့မို့လေးတွေနဲ့ မျက်လုံးလေးတွေပါမှိတ်လို့...

Baekhyun သင်ပေးလိုက်တာက လိမ်မာအောင်မဟုတ်ပဲ တခြားဟာဆိုတာတော့ Suho မသိလိုက်ချေ...

ဘယ်ဟာသင်သင် အတတ်ပညာပါပဲနော့...

"ယောလ်လေး..."

"ဟုတ်!hyung..."

"ဒီနေ့ပျော်စရာကိစ္စရှိလို့လား?ယောလ်လေးအရမ်းမြူးနေသလိုပဲ"

Suho မေးလိုက်တော့ မနက်ကကိစ္စကို စဉ်းစားမိသွားတဲ့ ယောလ်လေးပါးပြင်လေးက ပန်းနုရောင်သန်းသွားတော့သည်

ယောလ်လေး ကိုကို့ဆီက အကြာကြီးပြွတ်စ်ပြွတ်စ် သင်လိုက်တာလေ...

အိစ်!ယောလ်လေး နှုတ်ခမ်းလေးတွေတောင် နာတယ်...

ကိုကိုက ပြန်ခါနီး
ယောလ်လေးပါးလေးကိုလဲ တရွှတ်ရွှတ်နမ်းသွားတာ...

ယောလ်လေးပါးလေးပေါက်ထွက်သွားမှာတောင် စိုးရတယ်...ခိခိ

ဒါပေမဲ့ ယောလ်လေးက ကိုကို့ ပြွတ်စ်ပြွတ်စ်ကိုကြိုက်တယ်...

"Hyung သိလား?ယောလ်လေး ပြွတ်စ်ပြွတ်စ် လုပ်တတ်သွားပြီ"

ခေါင်းမော့ရင်ကော့ကာ စူပါမန်းဖြစ်သွားတဲ့အတိုင်း ဟန်ပါပါနဲ့ကြွားနေပြန်တဲ့ ယောလ်လေး...

❤Barbie boy❤Where stories live. Discover now