Zawgyi>>>
Baekhyun ဆေးခန်းတွင် ထိုင်နေသော ခန္တာကိုယ်လုံးလုံးလေးကို ငေးကြည့်နေမိတယ်...
ဆေးထိုးခံထားရလို့ဆိုပြီး အော်ငိုနေတာ အခုမှတိတ်သွားပြီးငြိမ်နေတယ်လေ...
ဒါတောင်သူ့ရဲ့ နီတာရဲနှုတ်ခမ်းလေးကို ထော်ပြီး ခြေထောက်လေးတွေကိုလွှဲနေသေးတာ...
ဘောင်းဘီတိုဝတ်ထားတဲ့ ကောင်လေးရဲ့ ခြေသလုံးသားဖြူဥဥလေးတွေဟာ တစ်မျိုးလေးအသဲယားစရာကောင်းနေပြန်သည်...
ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်လေးက သူ့ရဲ့ကြင်ယာတော်ဖြစ်ခဲ့တာတဲ့လား?
"ကောင်လေး"
သူ့ခေါ်သံကြောင့် ယောလ်လေးလှည့်ကြည့်လာကာ ဘာပြောမလဲသိချင်ဟန် ခေါင်းလေးတမော့မော့နဲ့...
ပါးလေးကိုဖောင်းကစ်နေတာပဲကွာ...
စိတ်ရှိလက်ရှိသာနမ်းရရင်တော့ အဲ့ပါးပြင်အိစက်စက်လေး ရဲတွတ်သွားမည်ထင့်...
"မင်းကိုယ့်ကိုသိတယ်မလား?"
Baekhyun မေးလိုက်တော့ ယောလ်လေးက သူ့ကိုခေါင်းအစခြေအဆုံး သေချာပြန်ကြည့်လိုက်သည်
ထို့နောက် နှုတ်ခမ်းလေးကိုဆူကာ ခေါင်းလေးမော့ပြီး စဉ်းစားရှာတယ်...
"ဟို...ဟို ယောလ်လေး Arjushi ကိုမသိပု"
"ဘာ!"
"အိစ်...ဘာလို့အော်တာလဲဗျ"
Baekhyun ပေါက်ကွဲသွားလေပြီ အရင်ဘဝကကိစ္စမသိတာထားပါ အခုဟာက CBX ရဲ့ Byun Baekhyun ကိုတောင် မသိဘူးဆိုတော့...
ဘာလို့လဲ?သူဘာလို့မသိရတာလဲ?
"သေချာစဉ်းစားကြည့်ပါဦး မင်းကိုယ့်ကို TV ထဲမှာမမြင်ဖူးဘူးလား?"
Baekhyun မေးလိုက်သောအခါ ယောလ်လေးခေါင်းငြိမ့်ပြီး ထပ်စဉ်းစားနေပြန်သည်
ယောလ်လေးစဉ်းစားတဲ့ပုံက နည်းနည်းတော့ထူးဆန်းတယ်...
သူ့ရဲ့နဖူးလေးကို လက်ညှိုးလေးနှစ်ချောင်းနဲ့ဖိပြီး မျက်လုံးလေးမှိတ်ကာ စဉ်းစားတာ...
တကယ့်ကလေးလေးတစ်ယောက်လိုပင်...
"အာ...TV!!"
KAMU SEDANG MEMBACA
❤Barbie boy❤
Fiksi Penggemarမရဖူး!ကိုကိုကယောလ်လေးအပိုင်!ခိခိ... အသုံးတော်ခံ season 2 (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee