Zawgyi>>>
ပျင်းလို့ Suho hyung အိမ်ကိုလာတာ Baekhyun အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သွားသည်ထင်သည်...
သီချင်းလေးဆိုလိုက် ကိုယ်လုံးလေးကို လှုပ်လိလှုပ်လဲ့နဲ့ ခုန်ပေါက်ပြီးကလိုက် အလုပ်ရှုပ်နေတဲ့ အရုပ်ပေါက်စကိုကြည့်ရင်း သူမပျင်းနိုင်ပေ...
မိမိရှေ့၌ အမျိုးမျိုးချစ်ဖို့ကောင်းလွန်းနေတဲ့ ကောင်လေးကို Baekhyun ပြုံး၍ ကြည့်နေမိတယ်..
ချစ်ဖို့ကောင်းလိုက်တာ ကလေးလေးရာ...
Baekhyun ကြည့်နေတုန်းမှာပဲ Suho hyung ကအနားရောက်လာကာ သူ့ဘေးတွင်ဝင်ထိုင်သည်...
အလုပ်ရှုပ်နေတဲ့ ယောလ်လေးကို သူစိုက်ကြည့်နေတာမြင်တော့ ပြုံးကာ ပခုံးကိုပုတ်လာတယ်...
"ငါ့ညီကဘာတွေစိတ်ဝင်စားစရာကောင်းလို့ အဲ့လောက်ကြည့်နေတာလဲ Baekhyun?"
"အာ...ဒီလိုပါပဲ...ယောလ်လေးက ချစ်ဖို့ကောင်းလို့"
လူခိုးမိသွားသော Baekhyun တစ်ယောက် ရှက်သလိုပြုံးလိုက်ရင်း လည်တိုင်ကိုလက်ဖြင့်ပွတ်ကာ ဖြေလာတယ်
Suho လဲဘာမှမပြောတော့ပဲ ခေါင်းအသာငြိမ့်ပြကာ ယောလ်လေးကို ပြန်ကြည့်နေသည်...
နှစ်ယောက်သား အတန်ကြာတဲ့အထိ ဘာမှမပြောမိကြ...
"မင်းဝင်လာတုန်းက သူမင်းကိုမကြောက်ဘူးလား?"
"ဟင့်အင်း မကြောက်ပါဘူး...သူနဲ့ကျွန်တော်အရင်ထဲကသိတယ်လေ"
"ဟုတ်လား?အံ့သြစရာပဲ..."
"ဘာလို့လဲ Hyung"
"ယောလ်လေးက လူကြောက်တတ်တယ်... တော်ရုံလူစိမ်းကိုဆို သူနှစ်ယောက်ထဲစကားမပြောရဲဘူးလေ... အဲ့တာကြောင့် သူ့ကိုအိမ်ထဲမှာပဲထားဖြစ်တာများတယ်"
"ဟုတ်လို့လား?ကျွန်တော်နဲ့ကျတော့ အရမ်းစွာတာပဲ haha..."
Baekhyun သဘောကျစွာရယ်လိုက်မိသည်... လူကြောက်တတ်တဲ့ယောလ်လေးက သူတစ်ယောက်ထဲကို ကောင်းကောင်းဆက်ဆံတယ်ဆိုတာ သိရတော့ တစ်မျိုးပဲခံစားရပြီး ပျော်နေသလိုပင်...
ယောလ်လေးအတွက် သူများနဲ့မတူဘူးဆိုတာကို ကြည်နူးနေတာရယ်ပါ...
YOU ARE READING
❤Barbie boy❤
Fanfictionမရဖူး!ကိုကိုကယောလ်လေးအပိုင်!ခိခိ... အသုံးတော်ခံ season 2 (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee