5

12.1K 1.1K 273
                                    

Zawgyi>>>

Yoora နဲ့အတူ SM entertainment ကိုလိုက်ပါလာသော ယောလ်လေး...

အဝါရောင် Hoodie အပွလေးကို ဘောင်းဘီအဖြူရောင်လေးနဲ့ တွဲဝတ်ထားသည်က ငွေမှင်ရောင်ဆံနွယ်လေးတွေနဲ့ လိုက်ဖက်မှုရှိလှသည်...

မို့ဖောင်းဖောင်းဖြစ်နေတဲ့ ပန်းနရောင်ပါးပြင်လေးက ရာသီဥတုအေးတာကြောင့် နားရွက်ဖျားလေးတွေအထိ ရဲတွတ်လို့နေတယ်...

December လရဲ့ အဖြူရောင်နှင်းစက်တွေကြားမှာ ထိုဖြူဖြူလုံးလုံး အရုပ်ကလေးရဲ့အလှဟာ ထင်ဟပ်နေသည်မို့ အားလုံးရဲ့အကြည့်ကသူတို့ဆီမှာပင်...

လေပြေလေးတိုးဝှေရင်တောင် ပဲ့ကျသွားမှာစိုးရသလို နူးညံ့လွန်းတဲ့ကြွေရုပ်လေးအလား ယောလ်လေးကို လူတွေက သမင်လည်ပြန်ငေးကြည့်လို့နေကြတယ်...

"ယောလ်လေး..ဒီမှာထိုင်စောင့်နေနော် noona အလုပ်ပြီးရင် လာခေါ်မယ်ဟုတ်ပြီလား?"

လက်ထဲမှစုပ်လုံးလေးကိုကိုင်လျက်သားနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြသော ယောလ်လေး...

Yoora ထွက်သွားတော့ ယောလ်လေးတစ်ယောက်ထဲ အူကြောင်ကြောင်လေးကျန်ခဲ့ရသည်...

SM ဆိုတဲ့နေရာကြီးက လူတွေအရမ်းများတာပဲ...
လူတွေကလဲ အလုပ်ရှုပ်နေကြပုံပဲ...

ယောလ်လေးအဲ့လိုမျိုးတစ်ခါမှမတွေ့ဖူးဘူး...

Noona ကတော့ ယောလ်လေးပါးလေး ထပ်လိမ်ဆွဲခံရမှာစိုးလို့တဲ့ အခန်းလေးတစ်ခုထဲမှာနေခိုင်းထားတယ်

ဆိုဖာလေးပေါ် ယောလ်လေးထိုင်စောင့်နေရင်း ဟိုကြည့်သည်ကြည့် ကြည့်နေမိသည်...

ဘယ်သူမှလဲမရှိပူး...

Noona ကလဲအရမ်းကြာတာပဲ ယောလ်လေးတောင်မုန့်စားလို့ ကုန်သွားပြီရယ်...

မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဟိုကြည့်သည်ကြည့်နဲ့ ယောလ်လေးပျင်းလှသည်

~ကျွီ

ယောလ်လေးစောင့်နေတုန်း ရုတ်တရပ်တံခါးပွင့်လာတာကြောင့် မျက်လုံးအရောင်လေးတွေလင်းလက်သွားကာ noona အထင်နဲ့ပြေးသွားမိတယ်

❤Barbie boy❤Donde viven las historias. Descúbrelo ahora