19

8.9K 866 114
                                    

Zawgyi>>>

Yoora ဈာပနကိစ္စတွေအပြီးမှာ Suho လဲအလုပ်ကိစ္စနဲ့ ခရီးထွက်သွားရသည်...
ယောလ်လေးကိုတော့ Baekhyun စောင့်ရှောက်ပေးမည်ပြောထားတာကြောင့် အိမ်ကိုတန်းခေါ်လာခဲ့တယ်...

Baekhyun အခန်းထဲတွင် ယောလ်လေးကိုနေရာချပေးထားသည်...

လူလည်ကြီး သားသမီး Baekhyun ဆိုသည်မှာလဲ ကုန်ကျစရိတ်များမှာစိုးလို့အကြောင်းပြပြီး ကုတင်တစ်လုံးပင်ထပ်ထည့်မခံ...

ယောလ်လေးကို သူနဲ့အတူသာအိပ်စက်ခိုင်းသည်...

ယောလ်လေးပစ္စည်းတွေနေရာချရင်း မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ Baekhyun ကိုကြည့်ကာ xiumin နဲ့ Chen စုပ်သက်တယ်...

CBX ကအရမ်းချမ်းသာတာ လူတိုင်းအသိ...အဲ့တာကို ကုတင်လေးတစ်လုံးဖိုး နှမြောနေတယ်ဆိုထဲက Baekhyun သိပ်မဟုတ်ချေ...

သူတို့သုံးဦးပိုင်တဲ့ အိမ်ကလဲ အရမ်းကျယ်ပြီးဧည့်သည်တစ်ယောက်နေဖို့ဆိုတာက အခန်းလွတ်တွေတစ်ပုံတစ်ပင်ရှိသော်ငြား ကလေးကြောက်မှာစိုးလို့ အကြောင်းပြချက်နဲ့ သူ့အခန်းထဲခေါ်ထည့်ထားပြန်သည်...

Xiumin ကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပင်...
ဟိုကလေးအရုပ်လေးကိုမှ Baekhyun ဘယ်လိုချစ်သွားသလဲ သူကိုယ်တိုင်တောင်မသိချေပဲ

Baekhyun ကတော့ သူတို့အကြည့်တွေကို သူနဲ့လားလားမျှမဆိုင်သည့်လား ယောလ်လေးကိုခေါ်ကာ အပေါ်ထပ်တက်သွားလေရဲ့...

**************************

Baekhyun သည် အခန်းထဲက စားပွဲရှေ့ထိုင်ကာ ကွန်ပျူတာတစ်လုံးဖြင့်အလုပ်ရှုပ်နေရှာတယ်...

အလုပ်ဆိုလို့ အထင်မကြီးနဲ့ game ဆော့နေတာ...><

ယောလ်လေးကိုငြိမ်အောင်လို့ TV ရှေ့ချပေးထားပြီးကာတွန်းကား ဖွင့်ပေးထားတယ်လေ...

ကလေးကငြိမ်ပေမဲ့ ခဏကြာတော့ ပျင်းလာလို့ထင်ပါရဲ့ ကိုယ်လုံးလေးကလှုပ်စိစိနဲ့ ကြောင်ပေါက်လေးလို ပျော့ခွေခွေလေးလှဲနေရှာတယ်...

"ကိုကို...ယောလ်လေး မကြည့်တော့ဘူး"

"ဟုတ်လား ပိတ်ထားခဲ့လေအရုပ်ကလေး... လာကိုကို့ဆီ"

❤Barbie boy❤Where stories live. Discover now