22

9.2K 850 163
                                    

Zawgyi>>>

ရင်ဘတ်ပေါ်မှတစ်စုံတစ်ခု၏ အိစက်မှုကို ခံစားနေရသည်...
Baekhyun မျက်လုံးများကိုမပွင့်တပွင့်နဲ့ ကြည့်လိုက်တော့ ယောလ်လေးရယ်...

သူ့ရင်ဘတ်ပေါ် ခွလျက်သားလေး တက်ထိုင်နေတာ...

"အရုပ်ကလေးနိုးနေတာလား?"

သူနိုးလာတာမြင်တော့ အရုပ်ကလေးက မျက်နှာလေးကိုမဲ့ကာ သူ့ကိုယ်ပေါ်မှ လျှောဆင်းသွား၍ စောင်ပုံလေးထဲတိုးဝင်သွားသည်...

Baekhyun လှဲနေရာမှထထိုင်ကာ စောင်ပုံထဲဒိုင်ပင်တိုးဝင်နေတဲ့ အကောင်ပေါက်ရဲ့ ဂုတ်လေးမှဆွဲထုတ်ကာ သူ့ပေါင်ပေါ်ကောက်တင်လိုက်တယ်...

"ဟွန့်!"

အဲ...နေရင်းထိုင်ရင်း Baekhyun ကို ဘုကြည့်ကြည့်နေတာ... ပါးကစ်ကစ်ကိုလဲ အစွမ်းကုန်ဖောင်းထားပြီး နှုတ်ခမ်းလေးကလဲ အနည်းငယ်ဆူနေသေးသည်...

"Haha အရုပ်ကလေး စိတ်ကောက်နေတာလား?"

"အရုပ်ကလေး စိတ်ကောက်ဖူး!"

ပြောသာပြောသည် Baekhyun ရင်ခွင်ထဲကရုန်းထွက်ရင်း သူ့လက်သီးဆုပ်လေးတွေနဲ့ ထုရိုက်နေတာ...

Baekhyun ကဖြင့် ပန်းနဲ့ပေါက်သလိုပင်ခံစားရကာ တပြုံးပြုံးလုပ်နေသေး...

"ဟွန့် ချစ်ပူး!"

"Haha ချစ်ပါကွာ...အရုပ်ကလေးမချစ်ရင် ကိုကိုကငိုရမှာပေါ့"

Baekhyun စကားကိုကြားတော့ အရုပ်ကလေးက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး မယုံဘူးဆိုတဲ့ပုံစံလေးနဲ့ နှုတ်ခမ်းကိုဆူတယ်...

"ငိုပေါ့...ယောလ်လေးက မချစ်ပဲနေလိုက်မှာ"

"ဟာ...ဆိုးတယ်ပေါ့"

"ဆိုးတယ်!"

"အောဟော...ဒုတ်ဒုတ်နော်..."

Baekhyun ခြိမ်းခြောက်တာ့ ယောလ်လေးက ဟွန့်ခနဲ့အသံထွက်ကာ သူ့ပေါင်ပေါ်မှ လှိမ့်ဆင်းသွားသည်...

အလကား...ညကသူဆူလိုက်လို့ စိတ်ကောက်နေတာ...

Baekhyun လဲ အလွတ်မပေးပဲ ပုစိလေးရဲ့ ခါးမှကိုင်ကာ သူ့ပေါင်ပေါ်ပြန်ဆွဲတင်ပြန်တယ်...

❤Barbie boy❤Tempat cerita menjadi hidup. Temukan sekarang