Episode 1

4.2K 211 141
                                    

#Zawgyi

ဘုရင်​ကြီး HanMubo ဟာ သူချစ်​တဲ့ စစ်​သူကြီးတည်​ရှိရာ လိုဏ်​ဂူမုဒ်​ဝကို စက်​တံခါးနဲ့ အ​သေပိတ်​လိုက်​သည်
ပြီး​နောက် ​​တံခါး​သော့ကို ငုံကြည့်​၍ မမြင်​နိုင်​​လောက်​ပင်​ နက်​နဲလှ​သော အ​ငွေ့တလူလူ ထွက်​​နေသည့်​ ​ချောက်​ကမ်းပါးထဲကို ပစ်​ချလိုက်​၏
အချိန်​အားဖြင့်​ ငှက်​များအိပ်​တန်းတက်​သည့်​ ည​နေ​နေဝင်​ဖြိုးဖျ အချိန်​ပဲဖြစ်​ပါသည်
ဘုရင်​ကြီးရပ်​​နေသည့်​ ​တောင်​ကုန်း​ပေါ်က ကြည့်​လျှင်​ မိမိအားလုပ်​ကြံပြီး နန်းသိမ်းရန်​ လာ​နေ​သော ရန်​သူ့တပ်​မကြီးကို လှမ်း​တွေ့​နေရသည်
မင်းကြီးHanဟာ ​ကြောက်​ရွံ့စိုးထိတ်​ခြင်း တစိုးတစိမှ မရှိပဲ မိမိဘဝရဲ့ နိဂုံးကို ​နေမင်းကြီး တဖြည်းဖြည်း ကွယ်​​ပျောက်​တဲ့မြင်​ကွင်းကို ကြည့်​လျှက်​ ​စောင့်​ဆိုင်း​နေပါ​တော့သည်

"Fen----- ဒီညနှင်း​တွေ အရမ်းကျမှာတဲ့ အဲဒါ​ကြောင့်​ ​နေဝင်​သွားတာနဲ့ ငါလိုက်​လာ​တော့မှာ"
__________________________

"ဟာ----"

NongNong သည်​ စိတ်​ခံစားလွယ်​သူပီပီ ထိုစာမျက်​နှာ​ရောက်​တိုင်း မျက်​ရည်​ဖြိုင်​ဖြိုင်​ကျသည်​ လက်​ဖမိုးနှင့်​ အားရပါးရ သုတ်​​နေတုန်းမှာပင်​ အစ်​ကိုဝမ်းကွဲ You zhangjing ​ရောက်​လာကာ

"မင်းမှာလည်း စာကြည့်​စားပွဲထိုင်​တိုင်း မျက်​ရည်​နဲ့မျက်​ခွက်​ အဲ့​လောက်​​တောင်​ စာနဲ့ဓာတ်​မတည့်​တာလားဟယ်​"

"အစ်​ကိုကလည်း ဗျာ စာတမ်းပြုစုဖို့ အ​ထောက်​အကူပြုမယ့်​ သမိုင်း​ကြောင်း​လေ့လာရင်း ဇာတ်​နာတာမြင်​​တော့ သနားလွန်းလို့ပါ အစ်​ကို့ညီက နှလုံးသားနုတယ်​​လေ သိတယ်​မလား---"

"ကဲပါ အပို​ပြောတာ​နောက်​ထား ဧည့်​ခန်းမှာ မင်းရဲ့ အိုကြီးအိုမ သူငယ်​ချင်းတ​ယောက်​ ​ရောက်​​နေတယ်​"

Zhangjing စကား​ကြောင့်​ NongNong မျက်​လုံးပြူးသွားသည်

"ဟမ်​ ဘယ်​လို ဘယ်​က အိုကြီးအိုမ ------"

"ဟို​လေ အရမ်းပြာယာခတ်​​နေတဲ့တ​ယောက်​"

သို့မှ NongNong ​တွေးမိသွားသည်

Snow KingWhere stories live. Discover now