Episode 2

2.1K 135 125
                                    

#Zawgyi

ကြီးကျယ်​ခမ်းနားလှ​သော Hotel ခန်းကြီးထဲတွင်​ မင်္ဂလာပွဲကြီး ကျင်းပ​နေ​လေ၏

ZhuZhengTing သည်​ သူ့သတို့သား Wang ziyi ​ဘေးတွင်​ နတ်​သားတမျှ ​ချော​မော​နေ​လေသည်​ သူတို့စုံတွဲကြည့်​ရင်း NongNong အ​နေနှင့်​ ဂုဏ်​ယူဝမ်း​မြောက်​မိသည်

ထိုစဉ်​ -----
ကျယ်​​လောင်​လှစွာ​သော တံခါး​ဆောင့်​ဖွင့်​သံနှင့်​အတူ လူစိမ်းတ​ယောက်​ -------
အသက်​အရွယ်​အားဖြင့်​ NongNong သာသာပဲ ရှိအုံးမည်​ ဖြူဖြူ​ချော​ချော​လေး ဆိုတာထက်​ သူက​တောက်​ပလွန်းသည်​ သူ့မျက်​လုံးများက ​ဒေါသအ​ရောင်​​ကြောင့်​ တလက်​လက်​​တောက်​​နေသည်​ အနက်​​ရောင်​ဝတ်​စုံဖြင့်​ ခမ်းမထဲကို ​ခြေသံပြင်းပြင်းနင်းကာ ​လျှောက်​လာသည်

NongNong အပါအဝင်​ ဧည့်​ပရိတ်​သတ်​အားလုံးသည်​ အံ့သြဆွံ့အ​နေသဖြင့်​ သူ့ကိုတားဖို့ သတိမရ သတို့သား Ziyi မှာ အပြစ်​ရှိသူပမာ တုန်​လှုပ်​​ချောက်​ခြား​နေသလို
ZhuZhengTing ခမျာလည်း အံ့သြတာ​ရော ​ကြောက်​လန့်​တာ​ရောဖြင့်​ တုန်​ရီ​နေသည်​ လူငယ်​က​တော့ သူတို့နှစ်​​ယောက်​​ရှေ့ ရဲရဲတင်းတင်းရပ်​ကာ

"ဒီမင်္ဂလာပွဲကို ---- ကျ​နော်​ ကန့်​ကွက်​ပါတယ်​ -------"
________________

"ဟာ-----"

အိမ်​မက်​----အိမ်​မက်​မို့ ​တော်​ပါ​သေးရဲ့ ------ NongNong တ​ယောက်​ ​ချွေး​တွေပြန်​ပြီး နိုးလာ၍သာ အိမ်​မက်​ဖြစ်​မှန်း သိရသည်​ ခံစားမှုအရ တကယ်​ဖြစ်​​နေသလိုပင်​ ​ရှေ့​ပြေးနိမိတ်​​တွေများလား သူ​တွေးမိ​သေးသည်​ နာရီကြည့်​​တော့ ငါးနာရီခွဲဆို​တော့ ဆက်​အိပ်​ရင်​ မရမည့်​အတူတူ ထပြီး စာလုပ်​လိုက်​သည်
သို့​သော်​ စာထဲစိတ်​မပါ အိမ်​မက်​အ​ကြောင်း အစ်​ကိုZhengting ကို ​ပြောသင့်​မသင့်​ စဉ်းစား​နေ​သေးသည်​ သို့​ပေမယ့်​ လင်​ရခါနီး ​ပျော်​​နေရှာ​သောသူ့ကို စိတ်​မညစ်​​စေလို​သော​ကြောင့်
ပို့ခါနီး message ကို ဖျက်​ပစ်​လိုက်​သည်​ ​ကျောင်းသွားပြီး Professorနှင့်​ Thesis ကိစ္စ ​ဆွေး​နွေးလိုက်​လျှင်​ ​ခေါင်းနပမ်းကြီးပြီး ဤကိစ္စ ​မေ့သွားလိမ့်​မည်​ဟု ​တွေးကာ ခပ်​​ပေါ့​ပေါ့သာ ထားလိုက်​မိသည်​ (အမှန်​တကယ်​လည်း Thesis သွားပြလျှင်​ ဤကဲ့သို့ သူများလင်​​ကြောင်း သား​ကြောင်းမဆိုနှင့်​ တ​လောကလုံးပင်​ ​မေ့​မေ့သွားသည်​) သို့​သော်​ ​ကျောင်းက အပြန်​တွင်​​တော့ ဤကိစ္စသည်​ မ​ပေါ့ဆသင့်​​ကြောင်း သိလိုက်​ရသည်​ အဘယ့်​​ကြောင့်​ဆို​သော်​ သူ​ကျောင်းကအပြန်​ အိမ်​မက်​ထဲက ​ကောင်​​လေးကို အပြင်​မှာ​တွေ့လိုက်​ရ​သော​ကြောင့်​ပင်

Snow KingWhere stories live. Discover now