Episode - 12

796 84 165
                                    

#Zawgyi

နှင်းဧကရာဇ်​ရတနာသိုက်​၏ ဒုတိယ​သော့ တည်​ရှိရာ မွန်​ဂိုရီးယားနယ်​စပ်​ ဒိုစိုလွင်​ပြင်​​ဒေသ----

ZhuZhengTing သည်​ ကားမှန်​အပြင်​ဘက်​ရှိ ​မြက်​ခင်းစိမ်းဝါဝါများကို ​ငေးကြည့်​​နေသည်​ မြို့ကြီးသား သူ့အတွက်​​တော့ ဒိုစိုလွင်​ပြင်​​ဒေသလို ​ဝေးလံ​ခေါင်​ဖျား​သော​နေရာနှင့်​ အကျွမ်းတဝင်​ မဖြစ်​​ပေ

Ziyi က​တော့ ရတနာသိုက်​သာ ​တွေ့ရမည်​ဆို ကျားဖင်​တုတ်​နဲ့ထိုးရရင်​​တောင်​ မှုမည့်​ပုံမ​ပေါ် သူ့ထက်​မျက်​စိ​နောက်​စရာ ​ကောင်းသည်​ကား ဘာသတ္တဝါ​တွေ့​တွေ့ ချစ်​စရာ​ကောင်းသည်​ဟု ထင်​​နေ​သော KunKun နှင့်​ ဖွန်​​ကြောင်​ချင်​၍လား တကယ်​ပဲလားမသိ သူနဲ့အတူ လိုက်​ချစ်​ချင်​​နေ​သော NongNong တို့ပင်

"ဒီ​နေရာက​ရော အရင်​တုန်းက အချစ်​သ​င်္ကေတ​တွေ ရှိခဲ့တဲ့ ​နေရာမျိုးပဲလားဟင်​"

KunKun သည်​ သူ့ကိုယ်​သူ အချစ်​ငှက်​ဟု ထင်​​နေပုံရသည်​ ​တော​ကောင်​များကျက်​စားရာ မြက်​​ခြောက်​​ဒေသတွင်​ပင်​ စိတ်​ကူးယဉ်​နိုင်​​သေးသည်​ ဤသည်​ကိုပင်​ NongNong က ကြည်​ကြည်​နူးနူး ရိုမန်​တစ်​ဆန်​စွာ​ဖြေရန်​ စကားလုံး ရှာ​နေတုန်း မျက်​စိ​နောက်​​နေပြီဖြစ်​​သော ZhuZhengTing မှာ မ​နေနိုင်​​တော့ပဲ

"ဟင့်​အင်​ ----- စစ်​သူကြီး Qinfen မာလကီးယား သွားတဲ့​နေရာ"

"ဟယ်​ သချိုင်းကြီး​ပေါ့----"

"အစ်​ကို ZhengTing ကလည်းဗျာ----"

NongNong က​တော့ သူ့ကို အဖျက်​အမှာင့်​ လုပ်​ရ​ကောင်းလား သ​ဘောဖြင့်​ ကြည့်​​သော်​လည်း မတတ်​နိုင်​ တလမ်းလုံး မျက်​စိ​နောက်​​နေပြီဖြစ်​သဖြင့်​ ဤ​လောက်​​တော့ ဝင်​​ပြောရမှ ​နေသာထိုင်​သာရှိမည်
______________

ပူပြင်း​သော ​နေလုံးကြီး​အောက်​တွင်​ ZhuZhengTing တို့ ကံအ​ကြောင်းမလှစွာပင်​ ဓာတ်​ဆီကုန်​သွား​လေ၏

"​ပြော​တော့ဖြင့်​ ဥာဏ်​​ကောင်း​အောင်​ ​ဆေး​တောင်​​သောက်​ထားတာဆို ဒီ​လောက်​ ခရီး​ဝေးသွားမှာကို ဆီဘယ်​​လောက်​ကုန်​မယ်​ဆိုတာ မတွက်​တတ်​ဘူးလား"

Snow KingOù les histoires vivent. Découvrez maintenant