Episode - 8

1K 102 207
                                    

#Zawgyi

ဘဝဆိုတာမျိုးက ဘယ်​​လောက်​ပဲ ပြည့်​စုံ​နေပါ​စေ ကွက်​လပ်​​လေး​တွေ​တော့ ရှိ​နေတတ်​တယ်
_________________
Ziyi သည်​ မိခင်​ဖြစ်​သူ လူမမာကို ကုတင်​​ပေါ်က​နေ ဝှီးချဲ​ပေါ်တင်​​ပေးကာ လသာ​ဆောင်​ဘက်​ တွန်း​ပေးရင်း ​လေ​ကောင်း​လေသန့်​တို့ကို ရှုရိုက်​​စေသည်​ ထိုအ​ပေါ်စီးမှ လှမ်းကြည့်​လျှင်​ ကျယ်​ဝန်းလှ​သော ခြံဝန်းကြီး၏ ​ရှေ့မျက်​နှာစာ အကုန်​လုံးကို မြင်​​တွေ့နိုင်​သည်​ အထူးသဖြင့်​ မိခင်​သည်​ ပန်း​တွေကို ချစ်​မြတ်​နိုးသူမို့ သူ့ပန်းဥယျာဉ်​​လေး ​ဝေဆာ​နေ​သေး​ကြောင်း ပြလိုခြင်းပင်​ သို့​သော်​ အ​မေသည်​ ပန်းထက်​ အခြားအ​ကြောင်းအရာကို ပိုစိတ်​ဝင်​စားပုံ​ပေါ်သည်

"မင်းအ​ဖေ​ရော---- အိမ်​ပြန်​လာ​သေးလား----"

Ziyi ဘာပြန်​​ဖြေရမှန်းမသိ အ​မေ သ​ဘော​ပေါက်​သွားပုံပင်

"​အေး​လေ ဟိုအမျိုးသမီးအိမ်​မှာ ရှိ​နေမှာ​ပေါ့----"

သိထားပြီးနှင့်​​သော အ​ကြောင်းအရာ ဖြစ်​​သော်​ငြား အ​မေသည်​ ထိုကိစ္စအတွက်​ ခံစား​နေရတုန်းပင်​ --------

"အ​မေကလည်း စိတ်​ညစ်​စရာ​တွေ မ​တွေးပါနဲ့လား --- အ​မေ့ကိုချစ်​တဲ့ သားတစ်​​ယောက်​လုံး ရှိ​နေတယ်​​လေ သားက အ​မေ့​ရောဂါ​တွေ​ပျောက်​​အောင်​ နည်းလမ်း​တွေရှာ​တွေ့ထားတယ်​"

"အပင်​ပန်းမခံပါနဲ့​တော့ သားရယ်​--- အ​မေ့ ​ရောဂါက မရ​တော့ပါဘူး ဒီနှစ်​ပိုင်းမှာ သားလည်း အများကြီးကြိုးစားခဲ့တာပဲ"

"ဒီတခါဟာက မတူဘူး အ​မေရဲ့ နတ်​​ဆေး ဘယ်​​ရောဂါမဆို ​ပျောက်​ပြီး ​သေခြင်းကို တားဆီးနိုင်​တယ်​ နှင်း​တောင်​နတ်​သား​ခေါ် နှင်းဧကရာဇ်​ရဲ့ နှလုံးသားပဲ"
________________________
Ziyi သည်​ Zhang ဆရာ​တော်​ ​ပြောပြသည့်​ နှင်းဧကရာဇ်​ရဲ့ ဇစ်​မြစ်​ကိုလိုက်​လံစုံစမ်းရင်း ​မြေပုံကို ထိန်းသိမ်း​စောင့်​​ရှောက်​ရသည့်​ Zhuမျိုးနွယ်​ အ​ကြောင်းကို သိရ​တော့သည်​ Zhu အိမ်​​တော်​ထဲသို့ ​ဖောက်​ထွင်းရန်​လည်း အကြိမ်​ကြိမ်​ ကြိုးပမ်းခဲ့ဖူးသည်​ သို့​သော်​ ဘယ်​လိုမှ မဝင်​​ရောက်​နိုင်​သည့်​အဆုံး Ziyi တမျိုးကြံရ​တော့၏ Zhu အိမ်​​တော်​တွင်​ သူနှင့်​မတိမ်းမယိမ်း​လောက်​အရွယ်​ ZhuZhengTing ဆိုသည့်​ ​ကောင်​​လေးတ​ယောက်​ ရှိ​လေသည်​ ထို​ကောင်​​လေးကို လိုက်​ရန်​ အားထုတ်​​တော့သည်
__________________
သူ့ကို ဝရံတာ​ပေါ်က​နေ ကြည့်​ကာ ပြုံးပြ​နေ​သော ZhengTing သည်​လည်း အခုလိုကြည့်​​တော့ ​ချောပါ၏ KunKun နှင့်​သာ အရင်​မဆုံခဲ့သည်​ရှိ​သော်​ သူ ZhengTing ကို တကယ်​ချစ်​​ကောင်း ချစ်​နိုင်​လိမ့်​မည်

Snow KingWhere stories live. Discover now