Episode - 14

755 76 129
                                    

#Zawgyi

"နှင်းဧကရာဇ်​ဆိုတာ နှင်း​တောင်​နတ်​သား နတ်​ဘုရားတပါးပဲ သူ့ရဲ့ နှလုံးသားကို စားသုံးရင်​ ဘယ်​​ရောဂါမဆို ​ပျောက်​ကင်းနိုင်​တယ် ​အမတဘဝကို ရမယ်​လို့ဆိုတယ်

အဲဒါ​ကြောင့်​ပဲ ကုသရခက်​ခဲတဲ့ ​ရောဂါတမျိုး ခံစား​နေရတဲ့ မင်းကြီး HanMubo အတွက်​ စစ်​သူကြီး Qinfen ဟာ သက်​စွန့်​ဆံဖျား ယူ​ဆောင်​​ပေးခဲ့တာ​ပေါ့

အပြန်​ခရီး မွန်​ဂိုစစ်​တပ်​ရဲ့ ​ချောင်း​မြောင်းလုပ်​ကြံခြင်းခံရတဲ့အတွက်​ စစ်​သူကြီး Qinfen ဟာ လမ်းခရီးမှာပဲ ​သေဆုံးခဲ့တယ်

သူ​သေဆုံးသည့်​တိုင်​​အောင်​ နှင်းဧကရာဇ်​ နှလုံးသားကို ရန်​သူမ​တွေ့​အောင်​ သိမ်းဆည်းနိုင်​ခဲ့လို့ သူ့ညီငယ်​ QinZimo နဲ့ ZhuYe ဟာ မင်းကြီး Han ထံ အ​ရောက်​ပို့ဆက်​သနိုင်​ခဲ့တာ​ပေါ့"

ဦး​လေးကြီး MuZiyang ဟာ ​ပေါက်​ပြဲ​နေ​သော ပြတင်း​ပေါက်​တံခါးရွက်​များကို ဖာ​ထေး​နေရင်း ZhuZhengTing တို့ကို ဧည့်​​ထောက်​ခံ စကား​ပြော​နေပါတယ်​ ZhuZhengTing လည်း ရတနာသိုက်​အ​ကြောင်း ဗဟုတုတလည်း နား​ထောင်​ရ ဆတ်​သား​ခြောက်​ဖုတ်​မျက်​နှာ​ကြောင့်​ပါ မ​နေနိုင်​မထိုင်​နိုင်​​တော့ပဲ ​ဘေးကနှီးယူ​ပေး သစ်​သားပြားယူ​ပေးနှင့်​ ​တောက်​တိုမယ်​ရ လုပ်​​နေရသည်​ Ziyi က​တော့ သူ့ကိုယ်​သူ ​ဘောစိလို ထိုင်​​နေတုန်းပင်​ သူ့အစား ZhuZhengTing ပင်​ မျက်​နှာပူသည်​ MuZiyang က​တော့ သူ့ပုံပြင်​ကို လုပ်​ရင်းကိုင်​ရင်းနှင့်​ ဆက်​​ပြောသည်

"ဒာ​ပေမယ့်​လည်း မင်းကြီး HanMubo က သူ့ချစ်​သူ အသက်​နဲ့ရင်းပြီး ရလာတဲ့ နှင်းဧကရာဇ်​ နှလုံးသားကို သုံး​ဆောင်​လိုစိတ်​ မရှိခဲ့ဘူး

လာတိုက်​မယ့်​ မွန်​ဂိုစစ်​တပ်​ရဲ့ အင်​အားကိုလည်း မခုခံနိုင်​​လောက်​တာလည်း ပါမှာ​ပေါ့​လေ မွန်​ဂိုစစ်​သူကြီး Zhang ruibin ကလည်း နှင်းဧကရာဇ်​ရဲ့ နှလုံးသားကို​ရော နန်း​တော်​ကိုပါ သိမ်းချင်​ခဲ့တာ

မင်းကြီး Han က သူမသုံးဖြစ်​​ပေမယ့်​ နှင်းဧကရာဇ်​ရဲ့ နှလုံးသားကို ရတနာသိုက်​နဲ့အတူ လှို့ဝှက်​ဂူထဲမှာ တရိုတ​သေ သိမ်းဆည်း​ပေးထားခဲ့တယ်​ ဂူဖွင့်​ဖို့ တံခါး​သော့ သုံးခုရှိတယ်​လို့ဆိုတယ်​ ပထမ​သော့နဲ့ တတိယ​သော့ကို​တော့ ဘယ်​မှာဖွက်​ခဲ့လဲ မသိ​ပေမယ့်​ ဒုတိယ​သော့ကို​တော့ ဦးကြီးတို့ရွာအပြင်​က ​သေမင်းတမန်​ ​ချောက်​ကမ်းပါးထဲကို ပစ်​ချခဲ့တယ်​ဆိုပြီး ​ခေတ်​အဆက်​ဆက်​က ရတနာမုဆိုး​တွေ လာရှာလိုက်​ကြတာ ------"

Snow KingOnde histórias criam vida. Descubra agora