Episode - 9

918 94 101
                                    

#Zawgyi

XiaoGui ----- နာမည်​အရင်းအားဖြင့်​ Wang LinKai ဟု ​ခေါ်​သော 19 နှစ်​အရွယ်​ ​ကောင်​​လေးမှာ Wang ziyi ၏ အ​ဖေတူ အ​မေကွဲ ညီဖြစ်​သည်​ Ziyi သည်​ သူ​ဌေးကြီးWang၏ တရားဝင်​ အ​မွေဆက်​ခံသူ သားဖြစ်​​သော်​လည်း XiaoGui က​တော့ ထိုကဲ့သို့ မဟုတ်​​ပေ။ မိခင်​က​တော့ သူတို့သားအမိကိုသာ ဖခင်​က အမှန်​တကယ်​ချစ်​​ကြောင်း တဖွဖွ ​ပြော​သော်​ငြားလည်း သူအရွယ်​​ရောက်​သည်​အထိ သားအမိ နှစ်​​ယောက်​လုံးကို လူဘုံအလယ်​ ထုတ်​မပြဝံ့​သော ဖခင်​ကို ဂျင်းလာထည့်​​နေသည်​ဟုသာ မြင်​သည်​ ​ငွေရှိသည့်​အိမ်​မှသားချင်း တူ​သော်​ငြားလည်း ​ခေါင်း​မော့ရင်​​ကော့ ​နေနိုင်​​သော အစ်​ကိုဖြစ်​သူကိုလည်း မုန်း၏ အစ်​ကိုသည်​ ဖခင်​နှင့်​ အ​တော်​တူသည်​ ​လှေနံနှစ်​ဖက်​နင်းတတ်​​သော အကျင့်​ပါ တူပုံရ၏ သို့​သော်​ KunKun သည်​ ၎င်း၏ မိခင်​လို မဟုတ်​ပဲ တခြားဘဲနှင့်​လည်း ယွယွထထ ​နေနိုင်​သည့်​အ​ပေါ် နှစ်​​ထောင်းအားရ ဖြစ်​မိသည်

Wang ziyi သည်​ Sugar daddy ဆန်​သည်​ကို သူသိထားသည်​ ​ငွေဂုဏ်​​ကြောင့်​နှင့်​​တော့ ZhuZhengTing ဆိုသည့်​ Wu Company မှ Manager တ​ယောက်​ဆီ ခြံခုန်​စရာ အ​ကြောင်းမရှိ သူသံသယဝင်​ပြီး လိုက်​လံစုံစမ်း​လေ​သော်​ ရတနာသိုက်​​နောက်​ကို လိုက်​​နေမှန်း သိရ​တော့သည်​ Wang လုပ်​ငန်းစု၏ အ​မွေခံသား​တောင်​ အားကျိုးမာန်​တက်​ လိုက်​​နေသည့်​ နှင်းဧကရာဇ်​ရဲ့ ရတနာသိုက်​ကို XiaoGui တို့ အဖွဲ့လို အနာဂါတ်​မ​ရေရာ​သေးသည့်​ သူငယ်​ချင်းတသိုက်​က ပိုလို့​တောင်​ စိတ်​ဝင်​စား​သေးသည်

"တကယ်​ပါလာပြီကွ မင်းအစ်​ကိုရဲ့ မင်္ဂလာပွဲ ​ရွှေ့ဆိုင်းတဲ့အ​ကြောင်း သတင်းစာ​ရော Social Network ​ပေါ်မှာပါ တင်​တာပဲ----ဒါ​ပေမယ့်​ မင်းအစ်​ကိုဘက်​ကပဲ​ရေးတာ"

Zhou yanchen ၏ အလန့်​တကြား ​အော်​သံ​ကြောင့်​ ​ခေါင်​မိုး​ပေါ်တွင်​ ​ကျောပိုးအိတ်​​လေး အုံးလျှက်​ပင်​ အိပ်​​ပျော်​​နေရှာ​သော XiaoGui လူးလိမ့်​ရင်း နိုးလာသည်

"ဟမ်​---- ဘယ်​အချိန်​ ရှိပြီလဲ----"

"12 နာရီ​လောက်​​တော့ ရှိပြီ​ပေါ့"

Snow KingWhere stories live. Discover now