Episode 6

1.2K 99 164
                                    

(Zawgyi)

ရည်းစားလူလု အူနုကျွဲခတ်​ဆိုသည့်​ စကားပုံ ရှိသည့်​အတိုင်း ငယ်​ငယ်​တည်းကပင်​ ​မွေးစားအကို Qinfen ကို တွယ်​တာခဲ့ရသူ Yanlei ​လေးသည်​ မင်းကြီး HanMubo ကို မနာလိုဖြစ်​လို့​နေ​လေ၏ ငယ်​ရွယ်​သူပီပီ ခံစားချက်​​တွေကို သိမ်းဆည်းမထားနိုင်​ပဲ အကိုQinfenကို ဖွင့်​​ပြောမိလိုက်​​တော့ ​မျှော်​လင့်​ထားသလိုပင်​ အငြင်းခံခဲ့ရသည်

"အကို သူနဲ့ ဘယ်​​တော့မှ ယူလို့မရနိုင်​ဘူး သူကမင်းကြီး ဖြစ်​​နေတယ်​​လေ--- Han လူမျိုးတိုင်းပြည်​ရဲ့ ဘုရင်​မှာ မိဖုရားပဲ ရှိရလိမ့်​မယ်​ ကြင်​ယာ​တော်​​တော့ ရှိလာမှာ မဟုတ်​ဘူး"

Yanlei ​ပြောသည့်​တိုင်​ Qinfen က​တော့ ​ခေါင်းမာဆဲပင်

"အဲဒီလိုဆိုလည်း ငါ အဆင်​​ပြေပါတယ်​ ----"

Yanlei ၏ မနာလိုသဝန်​တိုသည့်​စိတ်​သည်​ အစွန်းတဖက်​ထိ ​ရောက်​သွား​လေသည်​ Mubo သာ မရှိ​တော့လျှင်​ အကို Qinfen ကို သူပိုင်​ဆိုင်​ရလိမ့်​မည်​ဟု ​တွေးမိလိုက်​သည်​ ထို့​ကြောင့်​ မလုပ်​သင့်​​သော အရာတခုကို သူလုပ်​လိုက်​မိသည်
----------
"စစ်​သူကြီး ------ စာပို့ခို ​ရောက်​လာပါတယ်​"

Zhang ruibin စစ်​​ဆေးကြည့်​​သော်​ Han တိုင်းပြည်​က လူတစ်​​ယောက်​ သူတို့နှင့်​ ပူး​ပေါင်းလိုသည့်​ ကမ်းလှမ်းချက်​ပင်​ Zhang ruibin သည်​ စာကိုဖတ်​အပြီး ဟက်​ဟက်​ပက်​ပက်​ ရယ်​​လေ၏

"ဧကန မင်းကြီးHanကို ထီးနန်းဖြုတ်​ချချင်​တာ ငါတို့ပဲရှိတာ မဟုတ်​ဘူးပဲ-----"

မွန်​ဂိုတပ်​စခန်းမှ ရယ်​သံများသည်​ ကျယ်​​လောင်​လွန်း​သော​ကြောင့်​ အနီးနားရှိ ငှက်​များသည်​ပင်​ ပျံ​ပြေးကြ​တော့သည်
__________________________

ဒီရက်​ပိုင်းထဲ သူ​ဌေး WuYiFan မှာ ဆယ်​လီရူးထပြီး 'cmt ငါးသိန်းပြည့်​လျှင်​ နဂါး​မောက်​သီးကို သွားနဲ့ကိုက်​ပြီး ခွာပြမည်​' ဟူ​သော post တင်​​လေ၏ ထို​အောက်​တွင်​ ZhuZhengTing လည်း လမ်းကြုံဝင်​ဝုန်း​ပေးလိုက်​သဖြင့်​ cmt ငါးသိန်းမှာ တနာရီမကြာ ပြည့်​သွားသည်​ ထို့​ကြောင့်​ သူ​ဌေးWu အမြင်​ကြည်​သွားကာ အလုပ်​ပြန်​ခန့်​လိုက်​​လေသည်​ သို့​သော်​ သူ့ခမျာ ကြာကြာ မ​ပျော်​နိုင်​ရှာ အဘယ့်​​ကြောင့်​ဆို​သော်​ ရုတ်​တရက်​ ရည်းစားလုဖက်​တ​ယောက်​ ​ပေါ်လာ​သော​ကြောင့်​ပင်

Snow KingWhere stories live. Discover now