Episode - 17

683 68 108
                                    

#Zawgyi

XiaoGui တို့၏ ရဟတ်​ယာဉ်​​လေးသည်​ တတိယ​သော့ တည်​ရှိရာ ဟန်​ဧကရာဇ်​၏ နန်းမြို့ရိုး​ရှေ့ ခပ်​လှမ်းလှမ်း​နေရာ ရဟတ်​ယာဉ်​ကွင်းတွင်​ ရပ်​လိုက်​သည်
ဟန်​မင်းဆက်​နန်း​တော်​သည်​ ​ခေတ်​အဆက်​ဆက်​ ရန်​သူဒဏ်​ ဒုတိယကမ္ဘာစစ်​ကာလ ဗုံးဒဏ်​များ သင့်​ထားသည့်​တိုင်​ ကွန်​မြူနစ်​ပါတီ အာဏာရပြီး ​နောက်​ပိုင်းတွင်​ ​ရှေးမူမပျက်​ ပြန်​လည်​ပြုပြင်​ထား​သော​ကြောင့်​ ယခုအချိန်​တွင်​ ခရီးသွားလည်​ပတ်​သူများသည့်​ ​ရှေ့​ဟောင်းအ​မွေအနှစ်​​နေရာတခု ဖြစ်​​နေပြီဖြစ်​သည်​ ထို့​ကြောင့်​ အရင်​​နေရာ​တွေလို စွတ်​ပြီး ဝင်​ရှာလို့မရ ပိတ်​ချိန်​ ညဉ့်​နက်​သန်း​ခေါင်​ထိ ​စောင့်​ပြီးမှ ဝင်​ရှာမည်​ဟု သတ်​မှတ်​လိုက်​ရသည်

ကြားတွင်​ အချိန်​ဟ​နေ​သော​ကြောင့်​ XiaoGui သည်​ သူ့အစ်​ကိုထံမှ လုလာသည့်​ ​သော့နှင့်​ ​မြေပုံကို ​သေချာကြည့်​​နေချိန်​တွင်​ Yanchen က​တော့ အ​ဝေးတ​နေရာကို ဘာ​ငေးလို့ ​ငေး​နေမှန်းမသိ Xingjie မှာမူ ရဟတ်​ယာဉ်​​ပေါ် ပါလာသည့်​ ဖုန်းများကို စပ်​စု​နေဆဲ

"XiaoGui ---- ဒီဖုန်းက ဘယ်​သူ့ဟာ ဖြစ်​မယ်​ထင်​လဲ"

အလုပ်​ရှုပ်​​နေစဉ်​ အ​ရေးမပါတာ ​မေးရမည်​​လော ဟူသည့်​ အကြည့်​ဖြင့်​ ပြန်​ကြည့်​​သော​ကြောင့်​ Xingjie မှာ ရှင်းပြရ​သည်

"မင်းကလည်းကွာ ----- ဒီထဲလည်း သူတို့သိထားတာ တခုခု ​တွေ့နိုင်​တာပဲ​လေ"

"အပို​တွေ အဲ့ထဲ HD လို တခုခုရှိမယ်​ထင်​လို့မလား---- (Xingjie တ​တောင်​နဲ့ တွတ်​လိုက်​မှ) ပုံတုံးတုံးဆို​တော့ စာကြမ်းပိုးစတိုင်​ပဲ ChenLiNong ဟာ ​နေမယ်​"

ထိုအခါ Xingjie Passward စဉ်းစားမိသွားသည်

"2898---- ​တောင်​ ----- ဟာ အဲ့​ကောင်​က အရူးလိုပဲ Crush ရဲ့ ​မွေး​နေ့ပဲထားတာပဲ ဟား ဟား ဟား----"

သူ့ဟာသူ​ပြော သူ့ဟာသူရယ်​​နေပါ​သော အစ်​ကို Xingjie ကို XiaoGui  စိတ်​​လေသည့်​ပုံစံနှင့်​ကြည့်​ပြီး

"​တွေ့လား---- Gallery ပဲ ဝင်​​မွှေ​နေတာများ KunKun ကို ရှု့​ထောင့်​​ပေါင်းစုံက ​ချောင်းရိုက်​ထားတဲ့ ဝါးတားတားပုံ​တွေကလွဲရင်​ မရှိပါဘူးဆို အချိန်​ကုန်​ခံ ကြည့်​​နေ​သေးတယ်​---"

Snow KingWhere stories live. Discover now