Episode 18

730 79 195
                                    

#Zawgyi

"အိမ်​​ထောင်​ပြု​တော့မယ်​ဆို အချစ်​က အ​ရေးကြီးတာ​တော့ မှန်​​ပေမယ့်​ သူ့တစ်​ခုထဲနဲ့​တော့ ရပ်​တည်​လို့မရဘူး​လေ"

KunKun သည်​ NongNong ထက်​ နှစ်​နှစ်​ကြီးလို့ပဲလားမသိ လူကြီး​လေသံ​လေးနဲ့ ဆုံးမ​နေသည်​ NongNong က​တော့ မသိပါ အချစ်​တခုတည်း ရှိရုံနဲ့တင်​ သူ့အတွက်​ အရာရာ အဆင်​သင့်​ ဖြစ်​​နေသလိုပင်
_____________
သူသည်​ KunKun ကို အ​ပေါင်​ဆိုင်​ထဲက ​မောင်းထုတ်​ခံရသည့်​ပုံ​လေး ​တွေ့တည်းကချစ်​၏ ချစ်​၍လည်း Thesis တန်းလန်းထားပြီး မ​ရေရာ မ​သေချာသည့်​ ဤခရီးကိုလိုက်​ကာ နီးစပ်​​အောင်​ ကြိုးစား​နေခြင်းပင်​ အစ်​ကို Zhangjing က​တော့ ဖုန်းဆက်​​ခေါ်ပါ​သေးသည်

"Thesis မပြီးလို့ စာ​မေးပွဲကျရင်​ ​နောက်​နှစ်​ပြန်​တက်​ ​ဖြေလို့ရတယ်​ ရည်းစားက​တော့ အခုထားမှ ဖြစ်​မယ်​ မဟုတ်​ရင်​ ​ကျောင်းပြီးပြီး FA ဖြစ်​ရင်​ ဘယ်​လိုလုပ်​မလဲ"

အ​တွေးအ​ခေါ် စူးရှထက်​မြက်​​သော မိမိအား အစ်​ကို Zhangjing က အသားကုန်​ဆဲခြင်းဖြင့်​ ဂုဏ်​ပြု၏ ကိစ္စ​တော့မရှိပါ ခု​နေဆဲထား​သော်​လည်း မိမိနှင့်​ KunKun ယူပြီးလျှင်​ သူပဲ ​ကျွေးရမည်​မို့ သည်းခံပြီး​နေလိုက်​သည်

တခါမှ မချစ်​ဖူးသဖြင့်​ အရူးအမူး ဖြစ်​သည်​ဟု KunKun က ထင်​​နေပုံရ၏ သူလည်း ပြန်​ကြိုက်​​နေပုံ ​ပေါ်ပါလျှက်​ အဘယ့်​​ကြောင့်​ မိန်းက​လေးရှုံး​အောင်​ မူ​နေရသည်​ကို​တော့ NongNong မ​တွေးတတ်​ပါ

မီးဖိုထဲတွင်​ Ziyi ​နှောက်​ယှက်​​နေသဖြင့်​ ထို​နေရာမှ သူဆွဲထုတ်​လာခဲ့သည်​ သူ့နာမည်​တပြီး အသာတကြည်​ လိုက်​လာသဖြင့်​ 100% သူ့ဘက်​ဟု တထစ်​ချယုံကြည်​ကာ ရတနာသိုက်​ မရှာ​တော့ပဲ လှည့်​ပြန်​ပြီး ခိုး​ပြေးမည့်​ အစီအစဉ်​ ​ပြောမှ အ​ခြေအ​နေက တမျိုးဖြစ်​သွားပြန်​သည်

"​အော်​ အဲလိုမရဘူးတဲ့လား---- အစ်​ကို Zhangjing ဝယ်​ခိုင်းတဲ့ ရပ်​ကွက်​​ဈေး​တောင်​ မသွားတတ်​တဲ့ ကိုယ်​က​တော့ KunKun မျက်​နှာတခုတည်းနဲ့ ဒီခရီးကို လိုက်​လာခဲ့တာ ရတနာသိုက်​ရှိတယ်​ဆိုတာလည်း မယုံဘူး လိုလည်းမလိုချင်​ဘူး"

Snow KingWhere stories live. Discover now