Episode - 11

844 87 146
                                    

#Zawgyi

လွန်​ခဲ့​သော ၁၀ နှစ်​ခန့်​က-------

ZhuZhengTing သည်​ သူ့ Report Card သူ စိတ်​ပျက်​လက်​ပျက်​ ကြည့်​အပြီး

"ဒီတ​ခေါက်​လည်း ငါ့သင်္ချာရမှတ်​နဲ့ အင်္ဂလိပ်​စာက ​ကောင်းမလာ​သေးဘူး ဒါ​တောင်​ နာမည်​ကြီးကျူရှင်​ဆရာ OhSehun ဆီမှာ တက်​ထားတာ----"

"မင်းက စာမသင်​ပဲ ဆရာ့ငမ်း​နေလို့ ​နေမှာ​ပေါ့ ဟား ဟား ဟား ---- Zhou yanchen က​တော့ ၁ က​နေ မဆင်းဘူးပဲ-----"

သူ့​ဘေးမှာထိုင်​သည့်​ သူငယ်​ချင်း BiWenJun ​ပြောမှ ZhuZhengTing ပိုပြီး စိတ်​တိုရသည်​ Zhou yanchen ဆိုတာ သူ့ရဲ့ က​လေးဘဝတည်းက ပြိုင်​ဘက်​-----
ပြိုင်​ဘက်​ဟုဆို​သော်​လည်း သူ့ဟာသူပဲ ကြိတ်​ပြိုင်​ပြီး သူတခါမှပင်​ မနိုင်​ခဲ့ဖူးသူ----
မိမိက Report card ကြည့်​ရင်း စိတ်​ဆင်းရဲ​နေချိန်​တွင်​ သူက​တော့ ​ပေါ့​ပေါ့ပါးပါးပင်​ ရယ်​လို့​မောလို့-----
သူ Zhou yanchen ကို မုန်းပါ၏ သူ့ထက်​ စာ​တော်​၍လည်း မုန်းသည်​ အားကစား ထူးချွန်​၍လည်း မုန်းသည်​ ​ကောင်​မ​လေးများအကြား ​ရေပန်းစား၍လည်း မုန်းသည်​ ထိုအရာအားလုံးထက်​ သူသိသိသာသာ ရန်​လုပ်​ပြသည်​ကိုပင်​ မတုံ့ပြန်​ပဲ ရယ်​ပဲပြတတ်​​သောအကျင့်​ကို ပိုမုန်းခဲ့​လေ၏
သို့​သော်​ အထက်​တန်း ပထမနှစ်​ စာ​မေးပွဲ​တွေ နီး​သောအချိန်​ တခု​သော ည​နေခင်းတွင်​ Zhou yanchen တ​ယောက်​ ZhuZhengTing တို့ အိမ်​ကို ဗြုန်းစားကြီး ​ရောက်​လာခဲ့သည်

"အခုလာမယ့်​ စာ​မေးပွဲကစပြီး မင်းက အတန်းထဲမှာ အဆင့်​ ၁ ​ကျောင်းသား ဖြစ်​​တော့မှာ ----- အဲဒါ​ကြောင့်​ မင်းငါ့ကို မုန်းစရာမလို​တော့ဘူးလို့ လာ​ပြောတာ----- တာ့တာ ----"

ဤကဲ့သို့ ​ကြောင်​​တောင်​​တောင်​နိုင်​စွာ နှုတ်​ဆက်​အပြီးတွင်​ Zhou yanchen သည်​ ZhuZhengTing ​ရှေ့မှ ​ပြေးထွက်​ကာ ​ပျောက်​ကွယ်​သွား​တော့သည်​ ထို​နေ့က ​နောက်​ဆုံး ​တွေ့လိုက်​ခြင်းပင်

နောက်​တ​နေ့ ​ကျောင်းတက်​​သောအခါ Zhou yanchen တို့မိသားစုမှာ အခြားမြို့သို့ ​ပြောင်း​ရွှေ့သွားပြီဖြစ်​​ကြောင်း ကြားရသည်​ မိသားစု စီးပွား​ရေးလုပ်​ငန်း ​ဒေဝါလီခံရ​သော​ကြောင့်​ဟုလည်း ​ကောလဟာလ​တွေ ထွက်​​သေးသည်​ မည်​သို့ပင်​ဆို​စေကာမူ သူ​ပြောခဲ့သလိုပင်​ ZhuZhengTing သည်​ အဆင့်​ ၁ ဖြစ်​လာခဲ့သည်​ အားကစားအထူးချွန်​ဆုံး မိန်းက​လေးများအကြား ​ရေပန်းအစားဆုံး သူတသက်​လုံး ဖြစ်​ချင်​ခဲ့​သော နံပါတ်​ ၁ ​နေရာကို ရခဲ့သည့်​တိုင်​ ဘာ​ကြောင့်​မှန်းမသိ မ​ပျော်​ရွှင်​ခဲ့ရပါ ပြိုင်​လို့နိုင်​၍ ရခြင်းမဟုတ်​ပဲ သူမရှိ​တော့လို့ နံပါတ်​ ၁ ဖြစ်​ခြင်းကို မ​ကျေနပ်​တာပဲ ဖြစ်​နိုင်​ပါသည်​---

Snow KingWhere stories live. Discover now