Episode 19

680 66 88
                                    

#Zawgyi

"ဥာဏ်​မ​ကောင်းတဲ့သူမှ ​ဆေး​သောက်​စရာလိုတာ မဟုတ်​ဘူး ဥာဏ်​​ကောင်းရဲ့သားနဲ့လည်း ပင်​ကိုစွမ်းရည်​ထက်​ ပိုတက်​​အောင်​ ​ဆေး​သောက်​ဖို့လိုတယ်​ဆိုတာ အခု​တော့ အ​ချော​လေးတို့ သိကြပြီမလား"

"ဟုတ်​ကဲ့ပါ ကိုကိုZiyiရဲ့ ​မြေပုံကို အမြန်​အဆုံးသတ်​လိုက်​ပါ​တော့----"

ပုံဆွဲစာအုပ်​​ပေါ် ​တောင်​ခြစ်​​မြောက်​ခြစ်​လုပ်​ရင်း ဂုဏ်​ထဆာ​နေသူ Ziyi အား ​မြေပုံမမှတ်​မိ၍သာ အလိုက်​အထိုက်​ ​ပြော​နေရသည့်​ KunKun ​တော့ ဘယ်​လို​နေမယ်​မသိ ZhuZhengTing စိတ်​ထဲအချဉ်​​ပေါက်​လာ​သော​ကြောင့်​ ​ကျောခိုင်းပါထိုင်​​နေရသည်

"ကဲ ပြီးပြီ---"

ပြီးသည့်​အသံကြားမှ ​နောက်​လှည့်​ကြည့်​​လေ​သော် လိုင်းသုံးလေးကြောင်းနှင့် ကြက်ခြေခတ်လေး သုံးခုသာ

"ဟင်​---- ဒါပဲလား ၃ နာရီကြာ​အောင်​ ​လေကြွားပြီး ဆွဲထားတဲ့ ​မြေပုံက ဒါအကုန်​လား"

"​အေး​လေ ​သော့သုံးခု ရှိတဲ့​နေရာ​တွေ ပြထားတယ်​​လေ ဒါပဲ​လေ ဘာရှိရအုံးမှာလဲ"

"​သော့​တွေနဲ့​မြေပုံက မင့်ညီ XiaoGui ယူသွားပြီးလို့ ကြာလှပြီကို တတိယ​သော့ ရှာ​တွေ့ပြီး​လောက်​ပြီ​ပေါ့ အခုသိရမှာ ရတနာသိုက်​ လှိုဏ်​ဂူတည်​​နေရာ​လေ-----"

"​မြေပုံထဲမှာ ​သော့သုံးခု တည်​​နေရာပဲ ရှိတာ​လေ---"

"ဟင်​---- ဟုတ်​လို့လား ----"

"​သေချာတယ်​ ---- ​မြေပုံထဲမှာ ​သော့သုံးခုရဲ့ ​နေရာပဲပြထားတယ်​"

Ziyi ဇွတ်​ငြင်း​နေ​တော့လည်း ​မြေပုံအလွတ်​မရသည့်​ ZhuZhengTing ခမျာ ဘာဆက်​​ပြောရမည်​မသိ ထို့​ကြောင့်​ ကြားမှာထိုင်​​နေ​သော KunKun ဟိုဘက်​ဒီဘက်​ မျက်​နှာအကဲခတ်​ရင်း

"တခု​လောက်​ ဝင်​​ပြောချင်​လို့----- ​မြေပုံထဲမှာ အဲ့သုံး​နေရာပဲ ပြထားတာမှန်​ရင်​ ရတနာသိုက်​က တတိယ​သော့​နေရာမှာရှိတာမျိုး​ရော မဖြစ်​နိုင်​ဘူးလား"

Ziyi တချက်​စဉ်းစားပြီး

"မဖြစ်​နိုင်​ဘူး--- ကိုယ်​​မြေပုံကြည့်​ပြီး တည်​​နေရာ​တွေကို အင်​တာနက်​က ရှာထားတာ တတိယ​သော့​နေရာက ဟန်​မင်းဆက်​နန်း​တော်​ကြီး တနေ့တနေ့ လူဝင်​ထွက်​ ဒီ​လောက်​များ​နေတာ ရတနာသိုက်​သာ ရှိမယ်​ဆို အစိုးရက မ​တွေ့ပဲမ​နေဘူး"

Snow KingWhere stories live. Discover now