Episode - 10

872 95 162
                                    

#Zawgyi

မှောင်​မဲလှ​သော Church ​ကျောင်းကြီးထဲတွင်​ အလင်း​ရောင်​ရရန်​ Ziyi နှင့်​ ZhuZhengTing က ဓာတ်​မီးကိုယ်​စီဖြင့်​ ​ရှေ့က​နေ ခပ်​သွက်​သွက်​သွားကာ ဟိုဟိုဒီဒီ ရှာ​ဖွေ​တော့၏ KunKun သည်​ ZhuZhengTing ကို အ​လျှော့မ​ပေးချင်​၍သာ လိုက်​လာရ​သော်​လည်း ရတနာသိုက်​ ရှာရန်​ သူ့တွင်​ဘာမှ အဆင်​သင့်​မဖြစ်​ အဝတ်​​တောင်​ ခါးဝတ်​တစုံအပြင်​ FanChengCheng အ​လျော်​​ပေးသည့်​ တစုံသာပါသည်​ NongNong က​တော့ အပိုလူဟု သတ်​မှတ်​ခံရသဖြင့်​ ZhuZhengTing က အထုတ်​ဆွဲခိုင်းထားသည်​ သူ့အကျီအိတ်​သူစမ်းကာ တခုခုရှာ​နေဟန်​ တူ​သော KunKun ကို

"ဘာရှာ​နေတာလဲ တခုခု​ပျောက်​လို့လား"

"အာ့---- မီးခြစ်​ဆံဘူး"

NongNong ပြုံးပြီး သူ့ရှပ်​အကျီအိတ်​ထဲမှ ထုတ်​​ပေးလိုက်​သည်

"​ရော့ ------- ကား​ပေါ်မှာတည်းက ကျ​နေတာ"

လိုချင်​တာရသွား​သော ကိုကိုပုချိ​လေးသည်​ NongNong ကို သွားအကုန်​​ပေါ်​အောင်​ ရယ်​ပြသည်

"ဒါနဲ့ အလင်း​ရောင်​က သူတို့ဓာတ်​မီး​ရောင်​နဲ့လည်း လင်း​နေတာပဲကို မီးခြစ်​ဆံဘူးက လိုလို့လား----"

"NongNong ကလည်း စွန့်​စားခန်း ရုပ်​ရှင်​​တွေ မကြည့်​ဖူးဘူးလား ရတနာသိုက်​ ရှာတယ်​ဆိုတာ ​တော​တွေ​တောင်​​တွေ ဖြတ်​ရအုံးမှာ ---- မီးခြစ်​ဆံဘူးက လိုကိုလိုတယ်​ ခဏ​နေရင်​​တောင်​ အသုံးဝင်​​တော့မှာ ​မြေ​အောက်​ခန်း ဆင်းရမယ်​​လေ"

"ဘာရယ်​ -------​မြေ​အောက်​ခန်း"

"ဟုတ်​တယ်​​လေ NongNong ရဲ့----- ဒါက Church ​လေ ဟန်​မင်းဆက်​လက်​ထက်​က ငါတို့ နိုင်​ငံမှာ ခရစ်​ယာန်​မှ မရှိတာ ​နောက်​ပြီး ဒီ Church က စစ်​ကြီးပြီးမှ ​ဆောက်​ထားတာ ခြံဝနားက ငုတ်​တိုင်​မှာ သက္ကရာဇ်​​ရေးထားတယ်
အဲ့​တော့ ရတနာသိုက်​ဖွင့်​မယ့်​ ပထမ​သော့က ဒီအ​ပေါ်မှာ​တော့ ဖြစ်​မလား ကျိန်း​သေ​ပေါက်​ ​မြေ​အောက်​ခန်းကို ဆင်းရမှာ​ပေါ့"

KunKun စကားအဆုံး ZhuZhengTing သည်​ အနားပြန်​​ရောက်​လာပြီး

"စင်​ဒရဲလား​လေးက ထင်​သ​လောက်​​တော့ မတုံးဘူးပဲ ငါ​ခေါ်လာတာ မှန်​သွားပြီထင်​တယ်​ လာ---- ​အောက်​ကိုဆင်းဖို့ စက်​ခလုတ်​ရှာ​ပေး"

Snow KingWhere stories live. Discover now