Episode 5

1.3K 94 109
                                    

(Zawgyi)

မွန်​ဂိုစစ်​သူကြီး Zhang ruibin သည်​ Han နန်း​တော်​ကို သိမ်းရန်​ ရဲမက်​သုံးသိန်းခန့်​ဖြင့်​ ​ရောက်​လာခဲ့​သော်​လည်း စစ်​မတိုက်​လိုက်​ရ​ပေ။ ခုခံသည့်​တပ်​မ​ပြောနှင့်​ လူတစ်​​ယောက်​မှပင်​ မရှိ နန်း​တော်​တခုလုံးမှာ ​အေးစက်​​ခြောက်​ကပ်​လျှက်​ သုသာန်​ပြင်​ကဲ့သို့ တိတ်​ဆိတ်​လွန်းလှသည်​ တိုက်​ပွဲများစွာ နွှဲလာ​သော စစ်​သူကြီး Zhang ruibin သည်​ ဆိတ်​ငြိမ်​လွန်းသည့်​ ထိုအ​ခြေအ​နေကို အနည်းငယ်​ လန့်​လာသည်

"စစ်​သူကြီး ---- သူတို့​ကြောက်​လန့်​ပြီး ထွက်​​ပြေးသွားပြီ ထင်​တယ်​ ဘယ်​အ​ဆောင်​မှာမှ လူ​တွေ​ရော ပစ္စည်း​တွေပာ မရှိ​တော့ဘူး"

သူလက်​​ထောက်​၏ ထင်​မြင်​ချက်​ကို Zhang ruibin သိပ်​လက်​မခံ လက်​ကာပြပြီး

"HanMubo ဆိုတာ အရမ်းကို မာနကြီးလွန်းတဲ့ ဘုရင်​ပဲ သူက နန်း​တော်​ကို စွန့်​ပြီး ​ထွက်​​ပြေးမယ့်​ လူမျိုး​တော့မဟုတ်​ဘူး မင်းတို့ ညီလာခံခန်းမကို​ရော ရှာပြီးပြီလား"

"ဟို အဲ အဲဒါ​တော့ မကြည့်​ရ​သေးပါဘူး---"

Zhang ruibin သည်​ သူလျှိုတ​ယောက်​ဆွဲ​ပေးသည့်​ Hanနန်း​တော်​​မြေပုံကို ဖွင့်​ကြည့်​ရင်း

"ငါ့​နောက်​ကပဲ လိုက်​ခဲ့-----"

ညီလာခံခန်းမ၏တံခါးသည်​ အခြားအ​ဆောင်​များကဲ့သို့ ပွင့်​မ​နေ အ​သေပိတ်​ထားသည်​​တော့မဟုတ်​ ​စေ့ရုံသာ ​စေ့ထားခြင်းပင်
တံခါးဖွင့်​ဖွင့်​ခြင်း ​တွေ့လိုက်​ရသည့်​ မြင်​ကွင်း​ကြောင့်​ Zhang ruibin အလွန်​ထိတ်​လန့်​သွားသည်

ခန်းမအလယ်​တွင်​ ဆွဲကြိုးချလျှက်​ ​သေဆုံး​နေပြီးဖြစ်​​သော မင်းကြီးHan၏ ရုပ်​အ​လောင်းသည်​ ၎င်းတို့အား ​လှောင်​​ပြောင်​​နေသကဲ့သို့ မျက်​လုံးကြီးပြူးကာ ပြုံး​နေသည်

"​တောက်​------ ငါတို့မရ​အောင်​ သူလက်​စ​ဖျောက်​လိုက်​ပြီးပြီဆိုတဲ့ အဓိပ္ပာယ်​ကွ----- ရတယ်​ Zhang ruibin ဆိုတဲ့​ကောင်​ကလည်း အဲဒီ့ နှင်းဧကရာဇ်​ရဲ့ နှလုံးသားကို ရ​အောင်​ရှာပြမယ်​ ငါ့တသက်​မရခဲ့ရင်​​တောင်​ ငါ့မျိုးဆက်​​တွေကို တာဝန်​​ပေးပြီး ပိုင်​ဆိုင်​​စေရမယ်​----"

Snow KingWhere stories live. Discover now