Episode - 15

748 74 110
                                    

#Zawgyi

"ကိုယ်​​လေ ZhengTing ကို ​ပျော်​​စေချင်​တယ်​ ဘာအ​နှောင်​အဖွဲ့မှ မရှိပဲ ​ကောင်းကင်​မှာ လွတ်​လွတ်​လပ်​လပ်​ ပျံသန်း​စေချင်​တာ---"

Yanchen သည်​ စိတ်​ကူးစိတ်​သန်း ကွန့်​မြူးတတ်​သူပီပီ ထိုသို့အကြံများ ​ပေးတတ်​​သော်​လည်း ZhuZhengTing သည်​ ​ရှေးဆန်​​သောဂုဏ်​သ​ရေရှိ မျိုးရိုးမှ ဆင်းသက်​လာသူပီပီ စည်းနှင့်​​ဘောင်​နှင့်​ ​နေသည်​ကိုပင်​ ​နေသားတကျ ဖြစ်​​နေပြီးသား သူ​ပြောသလို ကိုယ့်​စိတ်​သ​ဘောနှင့်​ကိုယ်​ ရပ်​တည်​ရန်​ သူမလုပ်​ဝံ့ အရာအားလုံးသည်​ မိဘ​တွေ စိတ်​ဆန္ဒ ​ဆွေ​တွေမျိုး​တွေ ဖြစ်​​စေချင်​သည့်​အတိုင်းသာ ZhuZhengTing အ​နေဖြင့်​ လိမ်​မာစွာ ​နေခဲ့ပါ၏ မိဘ​တွေမသိသည့်​ တခုတည်း​သော ပြစ်​ချက်​ကို ​ပြောပါဆိုရင်​ Yanchen နှင့်​ ချစ်​သူ​တွေ ဖြစ်​​နေခြင်းပင်​ သို့သည့်​တိုင်​  ဘယ်​သူမှမသိ​အောင်​ Silent တွဲ​နေခြင်းသာ

ZhuZhengTing လည်း တခြားလူ​တွေလို ကိုယ့်​ရည်းစား​ချော​ချော​လေးကို လူ​ရှေ့​ခေါ်ကြွား ​ပေါ်​ပေါ်ထင်​ထင်​ရိုတာမျိုး လုပ်​ချင်​​သော်​လည်း သူချစ်​သည့်​သူက ​ယောက်ျား​လေးဖြစ်​​နေသည့်​အပြင်​ မိဘ​တွေချီးမွမ်း​လေ့ရှိသည့်​ အသိုင်းအဝိုင်း ဂုဏ်​ ပစ္စည်းဥစ္စာမရှိ ပိုက်​ဆံကုန်​လည်းမခံနိုင်​​သော​ကြောင့်​ တက္ကသိုလ်​ ဆက်​မတက်​ဖြစ်​သဖြင့်​ ဘွဲ့ပင်​မရရှာသည့်​ Yanchen ကို သူဆက်​ပြီး လက်​တွဲရန်​ မဖြစ်​နိုင်​​တော့ပါ

ZhuZhengTing အလိုကို အမြဲလိုက်​နိုင်​သည့်​ Yanchen သည်​ ချစ်​သူဖြစ်​စဉ်​ကလည်း ဘာ​တောင်းဆိုမှုမှ မရှိခဲ့သလို လမ်းခွဲ​တော့လည်း ငြိမ်​သက်​စွာ ​နေရစ်​ခဲ့ပြန်​သည်​ သူရှင်​သန်​ရာ သက်​တမ်းတ​လျှောက်​တွင်​ တစ်​ဦးတည်း​သော သူ့သ​ဘောကျ​နေ​ပေးခဲ့သူကို ထားရစ်​ခဲ့ရခြင်းသည်​ အကြီးမားဆုံး​သော ဆုံးရှုံးမှုကြီးပင်​ Yanchen သည်​ စိတ်​နာတတ်​မည်​ဆိုလျှင်​ ZhuZhengTing သည်​ သူ့အတွက်​ မုန်းစရာအတိဖြစ်​သည်

ထို့​နောက်​ပိုင်းတွင်​ အရာရာပြည့်​စုံသည့်​ Wang ziyi နှင့်​ ဆုံစည်းခဲ့ပါ​သော်​လည်း Ziyi သည်​ သူ့ကို ရတနာသိုက်​​ကြောင့်​ အ​ယောင်​​ဆောင်​ချစ်​ပြ​နေခြင်းသာဖြစ်​​ကြောင်း သူလည်း သိပါ၏ အ​ကြောမခံနိုင်​၍သာ KunKun နှင့်​ ပြိုင်​လု​နေရ​သော်​လည်း စိတ်​ထဲအ​တော်​ ​ဒေါသထွက်​လှသည်​ အချစ်​စစ်​ကို လျစ်​လျူရှုခဲ့၍ ဝဋ်​လည်​သည်​လား တခါတရံ ​တွေးမိပါ၏
___________________

Snow Kingحيث تعيش القصص. اكتشف الآن