Episode - 13

723 82 204
                                    

#Zawgyi

ဒိုဇိုမြက်​ခင်းလွင်​ပြင်​​ဒေသတွင်​ YueYue တို့လို ၁၀ နှစ်​ဝန်းကျင်​ က​လေးများသည်​ပင်​ စိုက်​ပျိုး ​မွေးမြူ​ရေးတင်​မက အိမ်​အလုပ်​ပါမကျန်​ မိသားစုအတွက်​ အလွန်​အလုပ်​လုပ်​​ပေးနိုင်​​သော လုပ်​သား​ကောင်းများ ဖြစ်​​နေပြီဖြစ်​သည်​ ၃နှစ်​ခွဲအရွယ်​ Bufan ပင်​ မြင်း​ကျောင်း သိုး​ကျောင်း အလုပ်​များကို လုပ်​နိုင်​​နြေ​ပီ အခုလည်း အလုပ်​အရမ်းရှုပ်​​နေ​သော အစ်​ကိုဖြစ်​သူအား ​ဘေးက​နေ သူတတ်​နိုင်​သ၍ ကူညီ​ပေး​နေရှာသည်​ အလုပ်​များ​နေ​သော က​လေးများကြားတွင်​ ကူမလို မုန့်​​ကျွေးမလိုနှင့်​ ဟီးဟီးဟားဟား ဖြစ်​​နေသည့်​ KunKun နှင့်​ NongNong ကို ZhuZhengTing မျက်​စိ​နောက်​ဖွယ်​ လှမ်းမြင်​ရသည်​ ထို့​ကြောင့်​ လှမ်း​အော်​ခါနီး

"ငါ့တူတို့ သုံး​ဆောင်​ကြပါအုံး----"

အိမ်​ရှင်​ဦး​လေးကြီး MuZiyang လာချ​ပေး​သော လက်​ဖက်​ရည်​ကြမ်းနှင့်​ ဆတ်​သား​ခြောက်​ဖုတ်​ ရွရွ​လေး​ကြောင့်​ ဆူမည့်​ကိစ္စ​တောင်​ ​မေ့သွားသည်​ Ziyi က​တော့ ​ရောက်​ရာအရပ်​မှာ ​မြေပုံကြည့်​ခြင်းဖြင့်​သာ တ​ယောက်​တည်း အလုပ်​ရှုပ်​​နေ​တော့သည်​ ဆတ်​သား​ခြောက်​သည်​ပင်​ သူစိတ်​မဝင်​စား ZhuZhengTing တ​ယောက်​တည်း အဝစားပစ်​ဖို့ ကြံ​သေးသည်​ သို့​သော်​ စိတ်​နဲ့ကိုယ်​နဲ့ မကပ်​၍ပဲလား က​လေး​တွေအကြား ​ပျော်​ပါး​နေသည့်​ နှစ်​​ကောင်​ကိုပါ လှမ်း​ခေါ်ပြီး ​ကျွေးမိသည်

"အစ်​ကို ZhengTing ----- ဒီ​နေ့​တော့ ည​နေ​တောင်​ ဖြစ်​​နေပြီမလား ခရီးမဆက်​​သေးရင်​ ကျ​နော်​နဲ့ KunKun ဟိုက​လေး​တွေနဲ့အတူ ရွာထဲ ပတ်​ကြည့်​ချင်​လို့"

Ziyi ကို ကြည့်​ရတာ ​နေရာအတိအကျ သိ​သေးပုံလည်းမ​ပေါ် အချိန်​လည်းလင့်ခရီးလည်း ပမ်းလာသည်​မို့ ZhuZhengTing ခွင့်​ပြုလိုက်​သည်

"အရမ်းအ​ဝေးကြီး​တွေ ​လျှောက်​သွား မ​နေနဲ့အုံး"

"ဟုတ်​ကဲ့ပါ အစ်​ကိုရဲ့---"

ZhuZhengTing တို့က​တော့ အကြီးပီပီ အိမ်​ရှင်​ MuZiyang နှင့်​ ​ရောက်​တတ်​ရာရာ စကား​တွေ ​ဖောင်​ဖွဲ့​ပြောရ​ပေအုံးမည်
_______________________
က​လေးနှစ်​​ယောက်​ကို လက်​ဆွဲကာ ရွာရိုးကိုး​ပေါက်​ ​လျှောက်​​နေကြသည့်​ KunKun တို့ကို ရွာသူရွာသားများကလည်း အထူးအဆန်းသဖွယ်​ ​ငေးကြည့်​သွားကြ၏

Snow KingWhere stories live. Discover now