Chapter-63

217 15 1
                                    

မနက်​မိုးလင်း​တော့ Top တစ်​​ယောက်​နိုး​နေကာ အ​တွေး​ပေါင်းစုံ က သူ့ကို ​ခြောက်​လှန့်​​နေသည်​..​နောက်​​နေ့​တွေကြရင်​ Bom မရှိ​တော့ရင်​ သူဘယ်​လို​နေရမလဲ??

သူ့အ​ဖေက တကယ့်​လူသတ်​သမားဆိုတာ Bom သိသွားရင်​ သူ့ကို ထားခဲ့မှာလား?? မုန်းတီးသွားမှာလား??

TOP ​ဘေးနားမှာ ​ခွေ​ခွေ​လေး အိပ်​​ပျော်​​နေတဲ့ Bom ကို ကြည့်​ပီး ဗလာဖြစ်​​နေတဲ့ ပခုံး​နေရာကို ​စောင်​ခြုံ​ပေးလိုက်​သည်​..

မျက်​နှာ​နဲ့ လည်​ပင်း​ပေါ်နားမှာ ပြန့်​ကျဲ​နေတဲ့ ဆံပင်​​တွေကို သပ်​​​ပေးလိုက်​သည်​..

Bom လည်း Top ရဲ့ အထိအ​တွေ့​တွေ​ကြောင့်​ နိုးလာပီး ပြုံးပြကာ ​စောင်​ကို ခြုံရင်း ထကာ "Hey"

Top--Hey..☺

Bom လက်​တစ်​ဖက်​က ​စောင်​ကို ကိုင်ပီးသူမကိုယ်​ကို ကာထားပီး ​နောက်​တစ်​ဖက်​က Top ရဲ့ ဒဏ်​ရာနားကို လက်​တင်​ကာ "နာ​နေ​သေးလား??"

Top အနာကို ငုံကြည့်​လိုက်​ပီး ​ခေါင်းခါပြသည်​.."မ​နေ့က​လောက်​ မနာ​တော့ဘူး.."

Bom--ဒါ​ပေမယ့်​ သန့်​ရှင်း​ရေး ထပ်​လုပ်​ရမယ်​​နော်​..

Top--inn..

Bom--seunghyun ထပ်​နားလိုက်​ပါဦးလား??

Top--Seoul ပြန်​​ရောက်​ရင်​ သက်​သာ သွားမှာပါ..

Bom--ရှင်​ဗိုက်​ဆာ​နေမှာ​ပေါ့ ကျမစားစရာ တစ်​ခုခု သွားရှာလိုက်​ဦးမယ်​..

Bom ကုတင်​​ပေါ်က ထ​တော့ အ​နောက်​က Top က လှမ်းဆွဲထား​လေသည်​..

Bom လည်း Top ကို ထူးဆန်းစွာပြန်​လှည့်​ကြည့်​ပီး ကုတင်​​ပေါ် ပြန်​ထိုင်​ချလိုက်​သည်​..

Top--☺☺

Bom တစ်​ခုခု ထူးဆန်း​နေသလို ခံစား​နေရသည်​..မ​နေ့ညတုန်းက​ရော..အခုပါ..Top က ပင်​ပန်း​နေလို့ မဟုတ်​ဘဲ တစ်​ခုခု ​ကြောင့်​ ဒီလိုဖြစ်​​နေတယ်​ ဆိုတာ သူမသိ​နေသည်​..

Bom ,Top နား တိုးသွားပီး Top ပခုံး​ကို နမ်းကာ ရင်​ဘတ်​​ပေါ်မှာ ​ခေါင်း​လေးတင်​ထား​လေသည်​..

ဟန်​​ဆောင်​အမုန်း(Daragon Myanmar)Where stories live. Discover now