part 3
"မေ ဒါမောင့်ရဲ့အချစ်ဆုံးသူငယ်ချင်း နှင်းစက်သွေးတဲ့
သွေး ဒါငါ့ချစ်သူ မေအမရာတဲ့ ..."မိတ်ဆက်စကားအဆုံးဖြစ်ပေါ်လာသောမေအမရာဆို
တဲ့မိန်းကလေးရဲ့အပြုံးလွင့်လွင့်ကို သွေး မျက်ကွယ်ပြု
ကာရှေ့ကအအေးခွက်ကိုအဓိပ္ပါယ်မဲ့စိုက်ကြည့်နေမိ
တော့သည် ။ဘာလဲ...အရေးကြီးက္စိစရှိလို့ တွေ့ရအောင်လို့ခေါ်ရတဲ့အကြောင်းက သူ့ချစ်သူအသ
စ်နဲ့မိတ်ဆက်ပေးမလို့တဲ့လား ။သွေး ထိုသို့ရင်နာနာ
တွေးရင်း မျက်နှာထက်တွင်ဖြစ်ပေါ်လာသောအပြုးနုနု
ကအသက်ကင်းမဲ့နေတော့သည် ။"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်..."
"အတူတူပါပဲ ..."
အအေးဆိုင်အတွင်းသုံးယောက်ကြားမှာရှိသောလေထု
ကနည်းနည်းတော့အေးစက်နေသည် ။မာန်ကတော့
မသိပေမဲ့ သွေး နှင့် မေအမရာတို့၏မျက်လုံးချင်းဆုံကာ
စိန်ခေါ်နေမှုတွေကပြင်းထန်လွန်းနေသည် ။မေသိသည် ။နှင်းစက်သွေး ဆိုသောကောင်လေးရဲ့
အကြည့်တွေကသူမကိုလိုလားခြင်းမရှိဘူးဆိုတာ ။
မေအမရာ အနည်းငယ်တော့အံ့သြမိသည် ။ယခုသူမ
ရှေ့တွင်ထိုင်နေသောကောင်လေးသည်မိန်းကလေး
တစ်ယောက်ထက်တောင်ချစ်ဖို့ကောင်းနေသည်မဟုတ်လား ။နာမည်နှင့်လိုက်အောင်အသားအရေလေး
တွေကလည်းနှင်းပွင့်နှင်းဖတ်လေးတွေကိုဖြူနုလွန်းလှ
သည် ။မျက်တောင်ရှည်ရှည်လေးတွေဝန်းရံထားသော
မျက်လုံးဝိုင်းဝိုင်းလေးတွေ ၊ နှာခေါင်းလုံးလုံးလေး ၊
ပါးဖောင်းဖောင်းလေးတွေနှင့် သဘာဝအတိုင်းနီရဲနေ
သောနှုတ်ခမ်းပါးဖူးဖူးလေးတွေ ။
ယောက်ျားလေးတစ်ယောက်က အဲ့လောက်လှဖို့လိုလို့
လား ။အလှဘုရင်မလို့နာမည်ကြီးသောသူမပင်
ထိုကောင်လေးနှင့်ယှဉ်ရင် ဘာမှမဟုတ်တော့ ။
မေအမရာတစ်ယောက် နှင်းစက်သွေးရဲ့ခြေဆုံးခေါင်း
ဆုံးကိုကြည့်ကာ သေချာအကဲခတ်နေမိတော့သည် ။
YOU ARE READING
I don't wanna be your best friend ( Complete )
Romanceဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...