part 1
"ကိုနှင်းစက်သွေး ကိုကိုရော ..."
အမောတကောနှင့်သူ့ရှေ့ရောက်ချလာသော ကောင်မ
လေးကြောင့် သွေး သောက်လက်စအအေးပင်သီးသွား
ရတော့သည် ။ငတိမကတော့ဘာမှမသိသလိုခပ်အေး
အေးပင် သူ့ရဲ့အအေးခွက်ကိုလှမ်းယူကာဟုတ်တိပက်
တိကောက်မော့နေသေးလေသည် ။"ဟူး အခုမှပဲအမောပြေသွားတော့တယ် ..."
ပြောရင်းခွက်ကိုစားပွဲပေါ်ပြန်ချလိုက်တော့ အအေးခွက်
ကအလွတ်သာကျန်တော့သည် ။
အင်း...ကောင်းပါတယ်လေ..."ကိုကိုရောလို့ မေးနေတယ်လေ ..."
ဆောင့်အောင့်ပြီးထွက်လာသောအသံစူးစူးကြောင့်
သွေး စိတ်ရှုပ်ရှုပ်နဲ့နားသယ်စပ်ကိုအကြောင်းမရှိကုပ်မိ
လေတော့သည် ။"မသိဘူး ..."
"ဘာလို့မသိရတာလဲ ..."
ငင့်...မသိပါဘူးဆိုတာကို ဘာလို့မသိရတာလဲတဲ့လေ။
သွေး ဘယ်လိုဖြေရမှန်းမသိတော့၍ မျက်နှာကိုအတင်း
မဲ့ရွဲ့မိတော့သည် ။"ဒီမှာ အဲ ဒါနဲ့မင်းက ချယ်ရီလား သဇင်လား ..."
"ဟင် ကျွန်မက သီရိပါ ..."
"အော် အင်း အင်း မသီရိ ဆောရီးနော် ဟိုကောင်ထား
တဲ့ရည်းစားတွေကများလွန်းတော့ ကျွန်တော်လည်း
သေချာမမှတ်မိတော့ဘူး ..."သွေးရဲ့စကားကြောင့် သီရိဆိုသောငတိမမျက်နှာအ
ပျက်ပျက်အယွင်းယွင်းဖြစ်သွားတော့သည် ။"မဖြစ်နိုင်ပါဘူး ကိုကိုကအဲ့လိုလူမျိုးမဟုတ်ဘူး ..."
"ဟုတ်လား ..."
အထစ်ထစ်အငေါ့ငေါ့ထွက်လာသော သီရိရဲ့စကား
ကြောင့် သွေး ခနဲ့ပြုံးုပြုံးလိုက်မိတော့သည် ။"ကိုယ့်သူငယ်ချင်းကိုဒီလိုပြောရတာတော့မကောင်းမှန်းသိပါတယ် ဒါပေမဲ့ မသီရိကိုကိုယ့်အစ်မကိုယ့်ညီမလို
သဘောထားလို့သတိပေးရမှာပဲ..."
YOU ARE READING
I don't wanna be your best friend ( Complete )
Romanceဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...