Unicode << 13 >> final

4.9K 237 3
                                    

part 13 ( final )

"ငါ အဲ့မိန်းမကို လုံးဝခွင့်မလွှတ်နိုင်ဘူး သွေး...."

တိတ်ဆိတ်သောအခန်းလေးထဲဟိန်းထွက်လာသောမာန့်ရဲ့
ဒေါသသံကြောင့် သွေး တောင်လန့်သွားရသည် ။

"ဒေါသကိုနည်းနည်းလောက်လျှော့ပါ မာန်ရာ ပြီးခဲ့တာတွေ
လည်းပြီးပြီပဲကို...."

"မရဘူး သွေး အဲ့မိန်းမလုပ်လို့ မင်းနဲ့ငါဝေးရတော့မလိုဖြစ်ခဲ့
တာ ငါတော့မေအမရာဆိုတဲ့မိန်းမကိုတစ်ခုခုပြန်လုပ်ရမှ
ကျေနပ်မှာ...."

"ထားလိုက်ပါတော့ကွာ မင်းမလုပ်လည်းအဲ့မိန်းမနှောင်ကျဉ်
နေလောက်ပါပြီ အခုဆိုနိုင်ငံခြားကိုတောင်ပြေးရတော့မှာ..."

သွေး ပြောရင်းသဘောကျစွာရယ်လိုက်မိတော့သည် ။တဟီးဟီးသဘောကျကာရယ်နေသောပေါက်စကိုကြည့်ရင်း
မာန်အသဲယားလာသည်နှင့် သွေးရဲ့ကိုယ်လေးကိုဆွဲဖက်
ကာရင်ခွင်ထဲထည့်ထားလိုက်တော့သည် ။

"ပြောပါဦး အချစ်လေးရဲ့ မေအမရာလုပ်ကြံထားတဲ့ကိစ္စကို
ဘယ်လိုလုပ်ပြီးသိသွားတာလဲ...."

"အချစ်လေးလို့မခေါ်ပါနဲ့လို့ ပြောထားတယ်လေ ဟာ ဘယ်
လိုဖြစ်နေတာလဲကွာ မလုပ်နဲ့ အသဲယားတယ်...."

ရင်ခွင်ထဲထည့်ကာ လည်ဂုတ်လေးကိုတရှုံ့ရှုံ့နမ်းနေမိတော့ ကြောင်လေးတစ်ကောင်လိုအတင်းရုန်းနေသော ပေါက်စ
လေး...။မာန် တဟားဟားနှင့်သဘောကျစွာရယ်ရင်း ရုန်း
ကန်နေသောသွေးကိုခပ်တင်းတင်းသာဆွဲဖက်ထားလေသ
ည် ။

"ဘာဖြစ်လဲ ကိုယ့်ချစ်သူကိုယ်ခေါ်တာ ကိုယ့်ချစ်သူကိုယ်
ဖက်တာ...."

"မိုးသားမာန် မဆိုးနဲ့ကွာ ငါစိတ်ကောက်လိုက်မှာနော်...."

နောက်ဆုံးရာဇသံသုံးမှပဲ သူ့ကိုလွှတ်ပေးလေတော့သည် ။
သွေး မျက်နှာကိုစူပုပ်ပုပ်လုပ်ထားပြီး မာန့်ကိုဘုကြည့်ကြည့်
မိတော့သည် ။

"စိတ်တော့မကောက်လိုက်ပါနဲ့ကွာ ငါမချော့တတ်ဘူးကွ..."

"စိတ်မကောက်စေချင်ရင် မင်းဆင်ဆင်ခြင်ခြင်နေ..."

"အေးပါ အဲ ခုနကငါမေးတာလေးဖြေဦးလေ...."

"ဟင် အင်း ဒီလိုကွာ မင်းနဲ့မေအမရာလက်ထပ်တော့မယ်လို့
ငါကြားတော့ တော်တော်ပူထူပြီးဘာလုပ်ရမှန်းမသိဖြစ်သွား
သေးတယ် ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ မင်းကအဲ့လိုလူ
မျိုးမဟုတ်ဘူးဆိုတာငါယုံတယ်လေ ပြီးတော့ဒီကိစ္စနောက်
ကွယ်မှာတခြားအကြောင်းရှိဦးမှာပဲဆိုပြီးတွေးမိတာနဲ့ ငါ
လည်းတစ်ယောက်တည်းလိုက်စုံစမ်းခဲ့တာ...."

I don't wanna be your best friend ( Complete )Where stories live. Discover now