part 7
ချစ်တယ်လို့ပြောပြီး နှုတ်ခမ်းကိုအပိုင်သိမ်းသွားသော ပေါက်စ
အခုတော့အိပ်ပျော်နေတာ သိုးလို့ ။အနည်းငယ်စူထွက်နေလေ
သောနှုတ်ခမ်းပါးလေးကိုကြည့်ကာ မိုးသားမာန် မျက်နှာက
အပြုံးတွေကိုမထိန်းသိမ်းနိုင်ဖြစ်နေမိသည် ။မင်းနှုတ်ခမ်းလေးကအရမ်းချိုတာပဲ သွေး....
အိပ်ပျော်နေတာကိုအခွင့်ကောင်းယူကာ နှုတ်ခမ်းပါးလေးကို
စိတ်ကြိုက်သိမ်းပိုက်နေမိသည် ။ပေါက်စ စိတ်ဆိုးလည်း
မတတ်နိုင်ပေ ။ဒါ မင်းစခဲ့တဲ့ ဇာတ်လမ်းပဲနော်....
ထို့နောက်ဘယ်လောက်နမ်းနမ်းမနိုးသောအကောင်ပေါက်အား
ရင်ခွင်ထဲထည့်ကာခပ်တင်းတင်းဖက်ထားပြီး အိပ်စက်ခြင်းဆီ
သို့အလည်ရောက်သွားတော့သည် ။မနက်ခင်းရောက်သော်......
သွေး နိုးနိုးချင်းမျက်လုံးမဖွင့်သေးပဲ အိပ်ရာပေါ်ကိုယ်ကိုလိမ့်
ကာ အညောင်းဖြေနေမိသည် ။သို့ပေမဲ့ အလိမ့်ကောင်းလို့
လားမသိ ကုတင်ပေါ်မှဘုတ်ခနဲပြုတ်ကျသွားတော့သည် ။"ဘုတ်....."
"အ အမလေး သေပါပြီ...."
"ဟာ သွေး ဘာဖြစ်တာလဲ...."
မိုးသားမာန် ရေချိုးခန်းထဲဝင်ကာမျက်နှာသစ်နေတုန်းရှိသေး
အပြင်ဘက်ကအသံကြားတာကြောင့် ပြေးထွက်ကြည့်တော့
ကုတင်အောက်တွင်ကားယားလေးကျနေသော သွေး ကို
တွေ့လိုက်ရသည် ။အနားသွားကာ ဆွဲထူပြီးကုတင်ပေါ်ပြန်တင်
ကာမေးလိုက်တော့ မျက်နှာလေးမဲ့ကာ"ကုတင်ပေါ်ကပြုတ်ကျတာ...."
သွေးရဲ့အဖြေကြောင့် မာန် ဟားတိုက်ကာရယ်မိတော့သည် ။
သူရယ်မိတော့ အကောင်ပေါက်ကသူ့အား ဘုကြည့်ုကြည့်လာ
လေသည် ။"ဘာရယ်တာလဲကွ နေပါဦး ငါကဘယ်လိုလုပ်အိမ်ပြန်ရောက်
လာတာလဲ....""ဟင် မင်းဘာမှမမှတ်မိဘူးလား...."
"အွန်း....."
သေလိုက်ပါတော့ကွာ.....
သူ့အားမျက်လုံးလေးပေကလပ်ပေကလပ်လုပ်ကာပြူးကြည့်နေ
သောသွေးကြောင့်မာန်စိတ်အိုက်သွားရသည် ။ညကတော့
ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီးအခုကျတော့ ဘာမှမမှတ်မိ
ဘူးတဲ့လား ။
YOU ARE READING
I don't wanna be your best friend ( Complete )
Romanceဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...