part 10
"ကြီးကြီး သားပြန်ရောက်ပြီနော်...."
သွေး တကြော်ကြော်အော်ရင်းအိမ်ထဲသို့ ဝင်လာခဲ့တော့လေ
သည် ။သို့သော် အိမ်ထဲတွင်ကြီးကြီးအပြင် သူမမျှော်လင့်
သောဧည့်သည်တစ်ယောက်ရောက်နေသည်ကိုတွေ့လိုက်ရ
သည် ။"ဟင်...."
"သားလေး ပြန်ရောက်ပြီလား..."
"မာ မာမီ...."
သူ့အားပြုံးကာကြည့်နေသော မိန်းမတစ်ယောက်ကိုတွေ့
လိုက်ရသည် ။လှိုက်ခနဲဖြစ်သွားသောဝမ်းသာသည့်စိတ်
အနည်းငယ်နောက်မှာတော့ နာကျည်းချက်တစ်ချို့ပါကပ်ပါ
လာလေသည် ။"ဒီကိုဘာလာလုပ်တာလဲ မာမီ..."
"သား...."
"သွေးလေး...."
"ပြန်ပါတော့ မာမီ မာမီ့ရဲ့မိသားစုဆီကို မာမီပြန်ပါတော့..."
ပြောပြီး အပေါ်သို့တက်ရန်ပြင်လိုက်ပေမဲ့ ကြီးကြီးရဲ့ဟန့်
တားသံကြောင့် သူ့ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားလေသည် ။"သွေးလေး မာမီ့ကိုဘယ်လိုတွေပြောနေတာလဲ..."
"သားပြောတာမှားလို့လား ကြီးကြီး...."
"မမှားပါဘူး သားရယ် သားမမှားပါဘူး မာမီကိုသားစိတ်ဆိုး
နေတယ်ဆိုတာ မာမီသိပါတယ် နားလည်းနားလည်တယ်..."မာမီ့ရဲ့စကားကြောင့် သွေး ခပ်မဲ့မဲ့ပြုံးလိုက်ပြီး
"ဟင့်အင်း မာမီ သားကိုနားမလည်ပါဘူး မာမီသာသားရဲ့
ခံစားချက်ကိုတကယ်နားလည်ခဲ့မယ်ဆိုရင် သားကိုထား
သွားခဲ့မှာမဟုတ်ဘူး မာမီ သားကိုစွန့်ပစ်ခဲ့မှာမဟုတ်ဘူး...."သွေး ပြောရင်း ဝမ်းနည်းစိတ်ကြောင့် ရှိုက်ကြီးတငင်ငိုကြွေး
မိတော့သည် ။မာမီကတော့ငိုနေသောသူ့ကိုပြေးဖက်ကာ
ကျောလေးကိုပုတ်ပြီးနှစ်သိမ့်ပေးနေသည် ။"သားရယ် မာမီ တောင်းပန်ပါတယ် မာမီ့ကြောင့်သားလေး
နာကျင်ရတာ ဝမ်းနည်းရတာ ငိုကြွေးရတာ မာမီတောင်းပန်
ပါတယ် သားရယ်....""မာမီ သား သားလေ မာမီ့ကိုအရမ်းလွမ်းနေတာ...."
သွေး မာမီ့ရဲ့ရင်ခွင်ထဲတိုးဝင်ဖက်ကာ ကလေးလေးတစ်
ယောက်လိုတိုင်တည်ရင်း ငိုနေမိသည် ။
YOU ARE READING
I don't wanna be your best friend ( Complete )
Romanceဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...