part 2
မနက်မိုးလင်းပြီ ။သွေး မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရ
သည်က သူ့ရဲ့မျက်နှာနဲ့နီးကပ်စွာရှိနေသော မာန့်ရဲ့
မျက်နှာကိုပင် ။အိပ်မောကျလျက်ရှိဆဲ မာန့်ရဲ့မျက်နှာ
ချောချောကို သွေး အိပ်ရာကမထပဲကြည့်ကောင်း
ကောင်းနဲ့စိုက်ကြည့်နေမိသည် ။"ဘာလို့အဲ့လောက်ချောရတာလဲ မာန်..."
မာန့်မျက်နှာလေးကိုခပ်ဖွဖွထိတွေ့ရင်း သွေး ခပ်တိုးတိုး
ရေရွတ်မိလေသည် ။သူကြည့်နေတုန်းမှာပဲ မာန် တစ်
ယောက်လူးလွန့်ကာနိုးလာတော့သည် ။သွေးကလည်း
မြန်သည် ။မာန်နိုးလာတာမြင်တာနဲ့ မျက်လုံးကိုပြန်မှိတ်
ကာ ပြန်အိပ်ချင်ယောင်ဆောင်နေလိုက်သည် ။"ဟင် ပေါက်စ မနိုးသေးပါလား..."
Wtf...ပေါက်စ ??
သူ့ကိုပေါက်စလို့အခေါ်ခံလိုက်ရ၍ သွေး အိပ်ချင်ယော
င်ဆောင်နေသည်ကိုမေ့ကာ ဆတ်ခနဲထထိုင်မိတော့
သည် ။"ဘာပေါက်စလဲ မင်းနော်..."
"ဟမ် မင်းနိုးနေတာလား ..."
မာန် သူ့ကိုကြည့်ကာတအံ့တသြမေးမှ သွေး ကိုယ့်အ
ဖြစ်ကိုကိုယ်သတိရကာ"အမ် အင်း ဟုတ် ဟုတ်တယ် နိုးနေတာ ..."
"အဲ့ဒါဆို ဘာလို့မထသေးတာလဲ..."
"မထချင်လို့ပေါ့ဟ ငါ့ဘာသာအိပ်အိပ် ထထ မင်းအပူ
ပါလို့လား ..."သွေး ဘုဂလန့်တွေပြောကာအိပ်ရာထက်မှကုန်းရုန်း
ထရင်း ရေချိုးခန်းဘက်သို့လျှောက်သွားမိတော့သည်။"မသိပါဘူး ငါကမင်းတမင်သက်သက်မထပဲ ငါ့များ
ကြည့်နေတာလားလို့ ...""ဆုတောင်းလေ ငါကမင်းကိုဘာလို့ကြည့်ရမှာလဲ..."
မာန် ပြောတာအမှန်ဖြစ်နေတာမို့ သွေး ရှက်ရမ်းရမ်း
ကာထအော်လေတော့သည် ။မာန်ကတော့တဟီးဟီး
ရယ်ကာ
ESTÁS LEYENDO
I don't wanna be your best friend ( Complete )
Romanceဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...