part 4
"ငါဒီနေ့မေနဲ့ရုပ်ရှင်သွားကြည့်မလို့ လိုက်ဦးမလား...."
ဖုန်းတစ်ဖက်ကမာန့်ရဲ့စကားကြောင့် သွေး နှုတ်ခမ်းကို
သိသိသာသာမဲ့ပစ်လိုက်တော့သည် ။"မလိုက်တော့ပါဘူး မင်းကမင်းချစ်သူနဲ့သွားမှာမလား
ငါလိုက်မရှုပ်တော့ပါဘူးကွာ...."မလိုက်တော့ဘူးဟုသာပြောလိုက်ပေမဲ့ သွေး ကိုယ်
ဘာလုပ်ရမည်ဆိုတာကိုစိတ်ထဲတွင်အသေးစိတ်အစီ
အစဉ်ဆွဲနေမိလေသည် ။"ပြီးရောလေ အဲ့ဒါဆိုလည်းဒါပဲနော် သွေး...."
"Ok ...."
မာန့်ဘက်ကဖုန်းချသွားသည်နှင့် သွေး လှလှပပတစ်
ချက်ပြုံးလိုက်တော့သည် ။"သားလေးရေ ထမင်းစားတော့မလား...."
အောက်ထပ်သို့ပြေးဆင်းလာသောသူ့ကိုကြီးကြီးက
လှမ်းမေးလေသည် ။"မစားတော့ဘူး ကြီးကြီး သားရုပ်ရှင်သွားကြည့်မလို့်..."
"တစ်ယောက်တည်းလား သား...."
"မဟုတ်ဘူး ကြီးကြီး မာန်နဲ့...."
သွေး ကြီးကြီးကိုပြုံးစိစိမျက်နှာထားနဲ့ပြောရင်း လက်
ထဲဆွဲလာသောကျောပိုးအိတ်ကိုလွယ်ကာ အိမ်ထဲမှ
ပြေးထွက်လာခဲ့တော့သည် ။...
...
...
....
.
"ဒီနေ့တော့ မောင့်သူငယ်ချင်းမပါတော့ဘူးပေါ့.."
"အင်း မလိုက်ဘူးတဲ့လေ...."
မောင့်အဖြေကြောင့် မေအမရာကျေနပ်စွာပြုံးလိုက်မိ
တော့သည် ။ဒီလိုကျတော့ နှင်းစက်သွေးကအလိုက်
သိသားပဲဟု စိတ်ထဲကတောင်တွေးလိုက်မိသေးသည်။"ကဲ သွားစို့လေ မောင်..."
မေအမရာတစ်ယောက် ရွှင်လန်းစွာနှင့် မိုးသားမာန်ရဲ့
လက်ကိုတွဲကာထွက်လာခဲ့တော့သည် ။
YOU ARE READING
I don't wanna be your best friend ( Complete )
Romanceဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...