part 4 😍😍

8.5K 630 7
                                    

part 4

"ငါဒီ​နေ့​မေနဲ့ရုပ်​ရှင်​သွားကြည့်​မလို့ လိုက်​ဦးမလား...."

ဖုန်းတစ်​ဖက်​ကမာန့်​ရဲ့စကား​ကြောင့်​ ​သွေး နှုတ်​ခမ်းကို
သိသိသာသာမဲ့ပစ်​လိုက်​​တော့သည်​ ။

"မလိုက်​​တော့ပါဘူး မင်းကမင်းချစ်​သူနဲ့သွားမှာမလား
ငါလိုက်​မရှုပ်​​တော့ပါဘူးကွာ...."

မလိုက်​​တော့ဘူးဟုသာ​ပြောလိုက်​​ပေမဲ့ ​သွေး ကိုယ်
ဘာလုပ်​ရမည်​ဆိုတာကိုစိတ်​ထဲတွင်​အ​သေးစိတ်​အစီ
အစဉ်​ဆွဲ​နေမိ​လေသည်​ ။

"ပြီး​ရော​လေ အဲ့ဒါဆိုလည်းဒါပဲ​နော်​ ​သွေး...."

"Ok ...."

မာန့်​ဘက်​ကဖုန်းချသွားသည်​နှင့်​ ​သွေး လှလှပပတစ်
ချက်​ပြုံးလိုက်​​တော့သည်​ ။

"သား​လေး​ရေ ထမင်းစား​တော့မလား...."

အောက်​ထပ်​သို့​ပြေးဆင်းလာ​သောသူ့ကိုကြီးကြီးက
လှမ်း​မေး​လေသည်​ ။

"မစား​တော့ဘူး ကြီးကြီး သားရုပ်​ရှင်​သွားကြည့်​မလို့်..."

"တစ်​​ယောက်​တည်းလား သား...."

"မဟုတ်​ဘူး ကြီးကြီး မာန်​နဲ့...."

သွေး ကြီးကြီးကိုပြုံးစိစိမျက်​နှာထားနဲ့​ပြောရင်း လက်
ထဲဆွဲလာ​သော​ကျောပိုးအိတ်​ကိုလွယ်​ကာ အိမ်​ထဲမှ
ပြေးထွက်​လာခဲ့​တော့သည်​ ။

...
...
...
...

.

.

"ဒီ​နေ့​တော့ ​မောင့်​သူငယ်​ချင်းမပါ​တော့ဘူး​ပေါ့.."

"အင်း မလိုက်​ဘူးတဲ့​လေ...."

မောင့်​အ​ဖြေ​ကြောင့်​ ​မေအမရာ​ကျေနပ်​စွာပြုံးလိုက်​မိ
တော့သည်​ ။ဒီလိုကျ​တော့ နှင်းစက်​​သွေးကအလိုက်
သိသားပဲဟု စိတ်​ထဲက​တောင်​​တွေးလိုက်​မိ​သေးသည်​။

"ကဲ သွားစို့​လေ ​မောင်​..."

မေအမရာတစ်​​ယောက်​ ရွှင်​လန်းစွာနှင့်​ မိုးသားမာန်​ရဲ့
လက်​ကိုတွဲကာထွက်​လာခဲ့​တော့သည်​ ။

I don't wanna be your best friend ( Complete )Where stories live. Discover now