Unicode << 6 >>

2.4K 236 0
                                    

part 6

သွေး ဒီရက်ပိုင်းသူ့ကိုရှောင်နေသည်ဆိုတာကို မာန်သိသည် ။
အိမ်ကိုသွားလည်း ကြီးကြီးနဲ့သာတွေ့ရပြီး သွေးကမရှိဘူးဆို
တာချည်းပင် ။သွေး ဘာလို့အဘာလို့အခုလိုသူ့ကိုရှောင်နေရ
သလဲဆိုတာ သူ တကယ်ကိုနားမလည်နိုင်ဖြစ်မိသည် ။
အရင်တုန်းက နှစ်ယောက်သားရန်ဖြစ်ရင်တောင ်အနည်းဆုံး
တော့ အခေါ်အပြောမပျက်ခဲ့ကြပေ ။တစ်ယောက်ကိုတစ်
ယောက် စိတ်ထဲကမပါတာတွေနဲ့ကျိန်ဆဲရင်း နောက်ဆုံးပြန်
တည့်သွားတာပဲဖြစ်သည် ။အခုလိုမျိုး တစ်ခါမှမဖြစ်ဖူးတော့
မာန် တကယ်ကိုအနေရခက်လှသည် ။

လွမ်းလှပြီ သွေးရာ....

"ဟူးးး!!! "

"မောင် တစ်ယောက်တည်းဘာတွေငိုင်နေတာလဲ...."

တစ်ယောက်တည်းတွေးလိုက်ငေးလိုက်သက်ပြင်းတွေချလိုက်
လုပ်နေသော မောင့် ကို သူမ စိတ်ပူစွာမေးလိုက်မိတော့သည် ။
မိုးသားမာန် ဘေးက မေ့ရဲ့အမေးစကားကြောင့် အခုလက်ရှိ
ကိုဘယ်ရောက်နေလဲဆိုတာကို သတိရသွားရသည် ။

"ဟင် ဟင့်အင်း ဘာမှမတွေးပါဘူး မေရဲ့..."

"အော် မသိပါဘူး မောင့်ကိုကြည့်ရတာ တစ်ခုခုကိုစိတ်ညစ်နေ
တဲ့ပုံပေါက်လို့ မေးကြည့်တာ...."

"အင်း...."

မောင့်ကိုကြည့်ရတာ သူမ ကိုစကားပြောဖို့ စိတ်မပါသလိုမျိူး
ဖြစ်နေလေသည် ။

"ဒါနဲ့ အခုရက်ပိုင်း မောင့်သူငယ်ချင်းကိုသိပ်မတွေ့သလိုပဲနော်.."

"ဟုတ်တယ် မောင်နဲ့လည်းအခုတလောမတွေ့ဖြစ်ဘူး ဒီကောင်
ဘာဖြစ်နေတာလဲမသိပါဘူးကွာ မောင့်ကိုရှောင်နေသလိုပဲ...."

မောင့်စကားကြောင့် မေအမရာ ပြုံးလိုက်မိလေသည် ။ဒါပဲလေ
သူမလိုချင်တာ ဒီလိုမျိုးပဲလေ ။

"အော် မောင်ရယ် သူလည်းသူ့အကြောင်းနဲ့သူရှိမှာပေါ့..."

သူမ ပြောလိုက်သော်လည်းမောင့်ရဲ့မျက်နှာကစူပုတ်နေဆဲပင်
ဖြစ်သည် ။သူမလည်းဘာမှထပ်ပြောမနေတော့ပဲ သောက်
လက်စအအေးကိုသာဆက်သောက်နေလိုက်တော့သည် ။

I don't wanna be your best friend ( Complete )Where stories live. Discover now