part 5
"ထိုင်ပါ နှင်းစက်သွေး..."
ခုံတွင်ဟန်ပါပါထိုင်နေရင်း သူ့အားထိုင်ရန်စေခိုင်းနေသော
မေအမရာ...။သွေး မသိမသာနှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်ရင်း
သူမ ညွှန်ပြရာ သူမနဲ့မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်တော့
သည် ။"ကျွန်တော့်ကိုတွေ့ချင်တဲ့ အကြောင်းက...."
"ဖြေးဖြေးပေါ့ တစ်ခုခုမှာဦးလေ အပူလား အအေးလား...."
သွေး ပြုံးကာ ပါးစပ်ထဲကဝါးလက်စပီကေကို လက်ညိုးထိုးပြ
လိုက်ရင်း ခေါင်းကိုခါပြလိုက်သည် ။"ပြောပါဦး မာန်မသိပဲကျွန်တော့်ကိုသီးသန့်တွေ့ချင်တယ်ဆိုတဲ့
အကြောင်းကဘာများလဲ..."သူ့ရဲ့အမေးကြောင့် မေအမရာ သဘောကျသလိုပုံစံဖြင့် လှလှ
ပပပြုံးလေသည် ။"မင်းကြည့်ရတာ သိပ်လောနေသလိုပဲ ဘာလဲ မောင်မပါတော့
မင်း တို့အရှေ့မှာအနေရခက်နေလို့လား....""ဟက်...."
သွေး ခပ်လှောင်လှောင်တစ်ချက်ရယ်လိုက်သည် ။ထို့နောက်
မေအမရာကိုခပ်စူးစူးတစ်ချက်ပြန်ကြည့်လိုက်တော့သည် ။
မေအမရာကလည်းခေတဲ့သူမဟုတ်ပါ ။သူ့အား သေချာပြန်
စိုက်ကြည့်ကာ မျက်လုံးနဲ့တိုက်စစ်ဆင်နေလေသည် ။"မင်း မောင့်အပေါ်ဘယ်လိုသဘောထားနေတာလဲဆိုတာ
တို့သေချာသိချင်တယ်...."တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သော မေအမရာ၏စကားကြောင့်
သွေး မျက်မှောင်ကြုတ်လိုက်မိတော့သည် ။
သူမက ဒီမေးခွန်းကို ဘာသဘောနဲ့မေးတာလဲ..."မာန် နဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေဆိုတာ အစ်မ
သိပြီးသားပဲမလား...""သိပါတယ် ဒါပေမဲ့ တို့သိချင်တာကမင်း မောင့်အပေါ်ထားတဲ့
သဘောထား မင်းရဲ့ခံစားချက်....""မာန်က ကျွန်တော့်ထက် သူငယ်ချင်းတစ်ယောက်ဆိုတာထက်
ပိုတယ် ညီအစ်ကိုဆိုလဲဟုတ်တယ် သူကကျွန်တော့်အတွက်
အရာရာထက်အရေးပါတယ်..."သွေးရဲ့အဖြေစကားအဆုံး မေအမရာ နှုတ်ခမ်းကိုမဲ့ပစ်လိုက်
သည်ကိုတွေ့လိုက်ရလေသည် ။
YOU ARE READING
I don't wanna be your best friend ( Complete )
Romanceဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...