part 13 ( final )
"ငါ အဲ့မိန်းမကို လုံးဝခွင့်မလွှတ်နိုင်ဘူး သွေး...."
တိတ်ဆိတ်သောအခန်းလေးထဲဟိန်းထွက်လာသောမာန့်ရဲ့
ဒေါသသံကြောင့် သွေး တောင်လန့်သွားရသည် ။"ဒေါသကိုနည်းနည်းလောက်လျှော့ပါ မာန်ရာ ပြီးခဲ့တာတွေ
လည်းပြီးပြီပဲကို....""မရဘူး သွေး အဲ့မိန်းမလုပ်လို့ မင်းနဲ့ငါဝေးရတော့မလိုဖြစ်ခဲ့
တာ ငါတော့မေအမရာဆိုတဲ့မိန်းမကိုတစ်ခုခုပြန်လုပ်ရမှ
ကျေနပ်မှာ....""ထားလိုက်ပါတော့ကွာ မင်းမလုပ်လည်းအဲ့မိန်းမနှောင်ကျဉ်
နေလောက်ပါပြီ အခုဆိုနိုင်ငံခြားကိုတောင်ပြေးရတော့မှာ..."သွေး ပြောရင်းသဘောကျစွာရယ်လိုက်မိတော့သည် ။တဟီးဟီးသဘောကျကာရယ်နေသောပေါက်စကိုကြည့်ရင်း
မာန်အသဲယားလာသည်နှင့် သွေးရဲ့ကိုယ်လေးကိုဆွဲဖက်
ကာရင်ခွင်ထဲထည့်ထားလိုက်တော့သည် ။"ပြောပါဦး အချစ်လေးရဲ့ မေအမရာလုပ်ကြံထားတဲ့ကိစ္စကို
ဘယ်လိုလုပ်ပြီးသိသွားတာလဲ....""အချစ်လေးလို့မခေါ်ပါနဲ့လို့ ပြောထားတယ်လေ ဟာ ဘယ်
လိုဖြစ်နေတာလဲကွာ မလုပ်နဲ့ အသဲယားတယ်...."ရင်ခွင်ထဲထည့်ကာ လည်ဂုတ်လေးကိုတရှုံ့ရှုံ့နမ်းနေမိတော့ ကြောင်လေးတစ်ကောင်လိုအတင်းရုန်းနေသော ပေါက်စ
လေး...။မာန် တဟားဟားနှင့်သဘောကျစွာရယ်ရင်း ရုန်း
ကန်နေသောသွေးကိုခပ်တင်းတင်းသာဆွဲဖက်ထားလေသ
ည် ။"ဘာဖြစ်လဲ ကိုယ့်ချစ်သူကိုယ်ခေါ်တာ ကိုယ့်ချစ်သူကိုယ်
ဖက်တာ....""မိုးသားမာန် မဆိုးနဲ့ကွာ ငါစိတ်ကောက်လိုက်မှာနော်...."
နောက်ဆုံးရာဇသံသုံးမှပဲ သူ့ကိုလွှတ်ပေးလေတော့သည် ။
သွေး မျက်နှာကိုစူပုပ်ပုပ်လုပ်ထားပြီး မာန့်ကိုဘုကြည့်ကြည့်
မိတော့သည် ။"စိတ်တော့မကောက်လိုက်ပါနဲ့ကွာ ငါမချော့တတ်ဘူးကွ..."
"စိတ်မကောက်စေချင်ရင် မင်းဆင်ဆင်ခြင်ခြင်နေ..."
"အေးပါ အဲ ခုနကငါမေးတာလေးဖြေဦးလေ...."
"ဟင် အင်း ဒီလိုကွာ မင်းနဲ့မေအမရာလက်ထပ်တော့မယ်လို့
ငါကြားတော့ တော်တော်ပူထူပြီးဘာလုပ်ရမှန်းမသိဖြစ်သွား
သေးတယ် ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ မင်းကအဲ့လိုလူ
မျိုးမဟုတ်ဘူးဆိုတာငါယုံတယ်လေ ပြီးတော့ဒီကိစ္စနောက်
ကွယ်မှာတခြားအကြောင်းရှိဦးမှာပဲဆိုပြီးတွေးမိတာနဲ့ ငါ
လည်းတစ်ယောက်တည်းလိုက်စုံစမ်းခဲ့တာ...."
ESTÁS LEYENDO
I don't wanna be your best friend ( Complete )
Romanceဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...