part 11
သူ့ဘဝမှာဘာတွေဘယ်လိုဖြစ်ကုန်တာလဲဆိုတာမိုးသားမာန်တကယ်ကိုနားမလည်နိုင်တော့ပေ ။မေအမရာဆိုသော
မိန်းမနဲ့လက်ထပ်ရန်ဖေဖေပြောတာကြားတုန်းကသူ့ဘဝကြီး
တစ်ခုလုံးကပြောင်းကပြန်ဖြစ်သွားသလိုခံစားလိုက်ရလေ
သည် ။"ကိုမိုးသားမာန် လက်ထပ်တော့မယ်ဆို...."
ကျောင်းဝင်းထဲစဝင်ကတည်းက တစ်ယောက်တစ်ပေါက်
ဝိုင်းမေးကြသောလူတွေ ။မြန်လိုက်တဲ့ သတင်း....မနေ့ကမှ
လက်ထပ်ဖို့ကိစ္စလူကြီးချင်းပြောတယ်...ဒီနေ့ချက်ချင်းပဲ
ထိုအကြောင်းကို တစ်ကျောင်းလုံးကလူတွေသိနေကြပြီဖြစ်
သည် ။
ဝိုင်းမေးလာတဲ့သူတွေကို သူမဖြေအားပေ ။သူ့မျက်လုံးတွေ
ကတစ်စုံတစ်ယောက်ကိုသာ သည်းကြီးမည်းကြီးရှာနေမိ
လေတော့သည် ။"ဟင်....."
မျက်ဝန်းထောင့်ကနေ ဖျတ်ခနဲမြင်လိုက်ရသော အရိပ်လေး
တစ်ခု ။ထိုအရိပ်လေးကသူသိပ်ချစ်ရသော သွေးပင်ဖြစ်
လေသည် ။"သွေး....."
သစ်ပင်ကြီးအောက်ကအုတ်ခုံလေးတွင်ထိုင်နေသော ချစ်ရ
သူလေး ။သူခေါ်လိုက်တော့ မျက်ဝန်းလှလှလေးတွေက
သူ့အားမော့ကြည့်လာလေသည် ။သွေးကသူ့ကိုမြင်သွား
သည်နှင့် ကျောပိုးအိတ်ကိုကောက်လွယ်ကာ ထိုင်နေရာမှ
ထသွားဟန်ပြင်လိုက်သည်ကို တွေ့လိုက်ရတာကြောင့်
သူ သွေးရဲ့အနားသို့အမြန်လျှောက်သွားလိုက်တော့သည် ။"သွေး နေပါဦး....."
"ဘာလဲ...."
သွေးရဲ့လက်ကိုလှမ်းဆွဲဖို့ပြင်လိုက်ပေမဲ့ သွေးကသူ့ရဲ့လက်
ကိုပုတ်ထုတ်ကာ ခပ်မာမာဆိုလေသည် ။"သွေး မင်းငါ့ကိုစိတ်ဆိုးနေမယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့
ငါရှင်းပြတာကိုနည်းနည်းလောက်နားထောင်ပေး.....""ဘာမှလာရှင်းပြမနေနဲ့တော့ မိုးသားမာန် ငါမင်းဆီကဘာမှ
မကြားချင်ဘူး....."သွေးရဲ့စိမ်းကားမှုတွေက မိုးသားမာန်ရဲ့ရင်ကိုဓားနဲ့ထိုးခွဲ
လိုက်သလိုတဆစ်ဆစ်နာကျင်စေလေသည် ။"မဟုတ်ဘူး သွေး လူတွေငါ့ကိုဘယ်လိုထင်ထင် မင်းကတော့ငါ့ကိုယုံပေးပါကွာ...."
BẠN ĐANG ĐỌC
I don't wanna be your best friend ( Complete )
Lãng mạnဟုတ်တယ် မင်းကငါ့ရဲ့ bff ဒါပေမဲ့ best friend forever တော့မဟုတ်ဘူး ဘယ်သူတွေဘာပြောပြောမင်းကငါ့ရဲ့ boyfriend forever ပဲ...