Unicode << 8 >>

2.5K 214 2
                                    

part 8

"ငါ မင်းကိုချစ်တယ် သွေး......."
.
.
.
.
.
.
.
ဘဝမှာတစ်ခါတစ်လေတော့ မမျှော်လင့်တာတွေဖြစ်တတ်
တယ်လို့ တစ်ချို့လူတွေကပြောကြတယ်....
ဟုတ်ပါတယ်....ဒါဟာ အမှန်ပါ....
ဖြစ်မလာနိုင်တော့ဘူးလို့ထင်ထားခဲ့တဲ့အရာ တကယ့်လက်တွေ့
မှာဖြစ်လာတဲ့အခါ အံ့သြဝမ်းသာရသလို ထိုအရာလေးထပ်မံ
ဆုံးရှုံးသွားမှာကိုလည်း စိုးရိမ်မိပြန်လေသည် ။

ငါမင်းကိုချစ်တယ် သွေး....

နားထဲထပ်တလဲလဲကြားနေမိတဲ့အသံလေးကြောင့် နှင်းစက်
သွေး ကုတင်ပေါ်တွင်ပက်လက်အနေအထားဖြင့် နံရံကို
အကြောင်းမဲ့ငေးကာ ပြုံးပဲပြုံးနေမိသည် ။
ချစ်တယ်တဲ့လား မာန်....
နွေးထွေးနေဆဲ နှုတ်ခမ်းပါးလေးကိုလက်နဲ့အသာထိထွေ့လိုက်
ရင်း မာန်ပေးခဲ့သောအနမ်းလေးအားပြန်တွေးကာ ရင်ခုန်မိပြန်
လေသည် ။

"အား ရူးတော့မယ် ရူးတော့မယ် ငါတော့ရူးတော့မယ်...."

နှင်းစက်သွေး အသံပြဲလေးနှင့်အော်ဟစ်မိရင်း ခြေထောက်တွေ
နှစ်ချောင်းလေပေါ်မြှောက်ကာ ကန်နေမိသည် ။

"သား ဘာဖြစ်လို့လဲ မအိပ်သေးဘူးလား...."

သူ့အသံကျယ်သွားလို့လားမသိပေ ။ကြီးကြီးကအခန်းအပြင်က
နေတံခါးခေါက်ကာလှမ်းမေးလေသည် ။

"ဘာ ဘာမှမဖြစ်ပါဘူး ကြီးကြီး သားခဏနေအိပ်တော့မှာ...."

"အေး အေး အိပ်တော့နော်...."

ကြီးကြီး ပြန်ထွက်သွားတော့မှ သွေး သက်ပြင်းအသာချနိုင်လေ
တော့သည် ။ထို့နောက်တွင်တော့ ဘာမှမတွေးတော့ပဲ ကုတင်
ပေါ်ကျကျနနနေရာယူကာ အိပ်စက်ရန်ပြင်လိုက်တော့သည် ။

Good night မာန်....

အိပ်မက်ထဲမှာ တွေ့ကြမယ်နော်....

.
.
.
.
နောက်တစ်နေ့မနက်....

တတီတီမြည်လာသောနာရီနှိုးစက်သံကြောင့် သွေး မထချင်
ထချင်နဲ့ထကာ ရေချိုးခန်းထဲတန်းဝင်လိုက်တော့သည် ။
သွားတိုက် မျက်နှာသစ်ပြီး အဝတ်အစားတွေချွတ်ကာ ရေတစ်
ခါတည်းချိုးလိုက်တော့သည် ။ထို့နောက် ရေချိူးပြီးသည်နှင့်
အောက်ပိုင်းကိုတံဘက်ဘေးပက်ကာ ရေချိူးခန်းထဲမှထွက်
လာလိုက်စဉ် မမျှော်လင့်ပဲမြင်လိုက်ရတဲ့လူကြောင့် သွေး
လန့်ဖြန့်သွားရသည် ။

I don't wanna be your best friend ( Complete )Où les histoires vivent. Découvrez maintenant