၁ (Zawgyi + Unicode)

32.4K 1.9K 97
                                    

Zawgyi

"ကျောင်းတုန်းကလည်း ပြိုင်ဖက်မို့.. အခုလည်း စီးပွားရေးအထိလိုက်ပြိုင်နေရအောင် အဲ့ကောင်လေးနဲ့ သားက ရန်ငြှိုးကြီးကြီးမားမားများရှိသလား"

ရန်ငြှိုးတဲ့...။ ရန်ငြှိုးရန်စလို့ဆိုနိုင်လောက်မဲ့ကိစ္စကိုတွေးမိပြီး Sehun ဟွန့်ခနဲ မျက်နှာမဲ့လိုက်မိသည်။ ကျောင်းတုန်းက သူ့ညီနဲ့ကြိုက်မိလို့ အတင်းလိုက်ခွဲခဲ့တဲ့ကောင်ပါ မေမေရာ လို့ပြန်ပြောမိရင် မေမေတောင် မျက်လုံးပြူးသွားမည်ထင်သည်။

"အဟင်း.. မရှိပါဘူး"

ထိန်းထားသည့်ကြားကနေ လှောင်ရယ်သံလိုလို ကြိတ်ခနဲထွက်သွားသေးသည့် ကိုယ့်ကိုယ်ကို မျက်နှာပိုးသတ်ရင်း မေမေ့မျက်နှာကို ခိုးကြည့်ရသည်။

"အဲ့တစ်ယောက်က ကိုကို့အဆက်ဟောင်းရဲ့ အစ်ကိုကြီးတဲ့"

"ဟိတ်!"

လှမ်းဟန့်လိုက်ပေမဲ့ မမှီ..။ သကောင့်သားလေးက ဆိုဖာခေါင်းအုံးကို ချက်ကျလက်ကျဖက်ရင်း Sehun ကို လျှာပင်ထုတ်ပြသေး၏။ ကိုယ့်ညီလေးမို့ ရင်ဖွင့်ခဲ့မိတာ အကြီးကြီးမှားပါသည်။

"ရည်းစားသနာကိစ္စကြောင့် အလုပ်မှာထိခိုက်တာမျိုးတော့ မေမေမကြိုက်ဘူးနော် သား"

မေမေက လေသံအေးအေးဖြင့်သာပြောသည်။ သားနှစ်ယောက်ကို အမေလိုရော အဖေလိုပါ ပြုစုစောင့်ရှောက်ခဲ့ရလို့လားမသိ။ ထက်မြက်ပြီး အမြင်ကျယ်သည့် မေမေက ကိုယ်ရေးကိုယ်တာကိစ္စကို စွက်ဖက်ခြင်းမရှိပေမဲ့ အလုပ်နဲ့ပတ်သက်ရင်တော့ စည်းကမ်းကြီးသည်။

ဒါကလည်း မိန်းမသားတစ်ယောက်တည်းအားနဲ့ သားနှစ်ယောက်ကို လူတန်းစေ့ဆိုတာထက်ပိုသည့်အဆင့်အတန်းတစ်ခုရောက်အောင်ထားနိုင်ဖို့ တွန်းတိုက်တက်ခဲ့ရသည့် ဘဝသင်ခန်းစာတွေကြောင့်။

"သားသိပါတယ်.. ပြီးတော့ အဲ့ကိစ္စကလည်း ပြီးသွားပါပြီ.."

ပြီးသွားပါပြီလို့ပြောရတိုင်းမှာ အညိုရောင်မျက်ဝန်းတွေကို သတိရနေတတ်သေးသည်။ ဒါပေမဲ့လည်း... အင်း... ပြီးသွားပါပြီလေ။ သူနဲ့ကိုယ်က ဘာမှထပ်လုပ်လို့မရတော့တဲ့ အတိတ်စာမျက်နှာတစွန်းတစပါပဲ..။

Give and TakeWhere stories live. Discover now