၂ (Zawgyi + Unicode)

12.1K 1.5K 97
                                    

Zawgyi

ကိုကို၊ သားနေမကောင်းလို့။ မေမေလည်းမရှိဘူး။ အိမ်မြန်မြန်ပြန်လာ ဆိုတဲ့စာတစ်စောင်ကြောင့် Sehun အလုပ်တွေ မြန်မြန်လက်စသတ်ပြီး အိမ်ကို အပြေးပြန်လာရသည်။ ဒီကြားထဲ လူမမယ်မှာလိုက်သည့် ပီဇာလည်းဝင်ဝယ်ရသေးသည်။

နေမကောင်းဘူးလည်းဆိုသေး၊ ပီဇာဝယ်လာခိုင်းတော့ ဒီကလေး နေမကောင်းတာ အိမ်အကူအဒေါ်ကြီးချက်တဲ့ဟင်းမကြိုက်လို့ ဉာဏ်ဆင်တာလားလို့တောင် တွေးမိသေးပေမဲ့ ဝယ်တော့ဝယ်ခဲ့လိုက်သည်။

ကားအရှိန်ကြောင့် ရိပ်ခနဲ ရိပ်ခနဲ ပြေးနေသည့် လမ်းဘေးသစ်ပင်တွေကို ငေးနေရင်း ပလက်ဖောင်းပေါ်မှာ ရယ်ရယ်မောမောနဲ့ ဖုန်းပြောနေတဲ့မျက်နှာလေးကို မျက်လုံးက ဖျတ်ခနဲ ဖမ်းမိသည်။ ဒါပေမဲ့ မီးပွိုင့်စိမ်းနေရက်နဲ့ကို ကားရှေ့ကဖြတ်ပြေးတဲ့လူတစ်ယောက်ကြောင့် သူ့အာရုံက ထိုလူ့ဆီရောက်သွားရ၏။

"တိုက်မိသွားလား"

"မတိုက်မိဘူး ဆရာ.. ကျွန်တော် ဆင်းကြည့်လိုက်မယ်"

ပြောပြောဆိုဆိုနဲ့ ဒရိုင်ဘာကဆင်းကြည့်ပေမဲ့ Sehun ကလည်း နောက်ခန်းမှာထိုင်နေခဲ့လို့ မကောင်းတတ်တာကြောင့် ကားထဲကထွက်လာခဲ့လိုက်သည်။

ဒရိုင်ဘာလီက သူ့ဖုန်းနံပါတ်ကို ထိုလူ့လက်မှာ ကမန်းကတန်းရေးပေးပြီး တစ်ခုခုဖြစ်ရင် ဆက်သွယ်ဖို့ပြောပေမဲ့ ထိုလူကတော့ ခေါင်းတွင်တွင်ညိတ်ရင်း ဆက်သွားဖို့သာပြင်နေသည်။

ဘာပြဿနာမှမရှိတာသေချာတော့ သူ အနောက်ကို လှည့်ကြည့်မိသည်။ မျက်ရည်တဝဲဝဲနဲ့ ပလက်ဖောင်းပေါ်မှာ ငုတ်တုတ်လေးဖြစ်နေတဲ့ကောင်လေးက သူလှည့်ကြည့်တာမြင်တော့ မျက်လုံးလှလှလေးက ဝိုင်းစက်လို့..။ တွေ့ရာနေရာမှာ လှမ်းဖက်ဖျစ်ညှစ်ချင်စိတ်ပေါ်အောင် သိပ်လုပ်တတ်သည်။

အရှောင်အတိမ်းကောင်းတဲ့ကောင်လေး ဘယ်တုန်းက ကိုရီးယားကို ပြန်ရောက်သလဲ..။ နေ့တိုင်း ဒီလမ်းကဖြတ်နေပြီး အရင်က ဘာလို့မတွေ့ခဲ့ရပါသလဲ..။

ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်းမှာ ရင်တွေတလှပ်လှပ်ခုန်ရပါသည်။ ဒါပေမဲ့လည်း မျက်စိရှေ့ကကောင်လေးက ပိုတုန်လှုပ်အံ့သြနေဟန်မို့ သူက နည်းနည်းတည်ငြိမ်နေသယောင်ထင်ရသည်။

Give and TakeWhere stories live. Discover now