၂၁ (Zawgyi + Unicode)

10.1K 1.4K 64
                                    

Zawgyi

"မေမေက Sehun နဲ့ တွေ့ချင်တယ်တဲ့"

ဒါ သူမျှော်လင့်ထားပြီးသားစကား။ လေလှိုင်းထဲကတစ်ဆင့်ကြားရတဲ့ Han အသံက တိုးလျနေခဲ့တာကြောင့် သူ စိုးရိမ်မိသည်။ တစ်နေကုန် စာမလာ သတင်းမကြားနဲ့ ငြိမ်နေပြီး မနက် ၁ နာရီလောက်ကျမှ ဖုန်းဆက်လာတာမို့ Sehun လည်း တစ်ညလုံး မအိပ်နိုင်ပဲ မိုးစင်စင်လင်း၏။

တစ်နေ့နေ့တော့ ဖွင့်ပြောရမှာပဲ၊ သိသွားကြမှာပဲဆိုပေမဲ့ ဒီလောက်မြန်မြန်ကြီး ရုတ်တရက်ဖြစ်ပျက်သွားတော့ Han လည်း သိပ်ကြောက်သွားရှာမှာ။ နောက်ပြီး.. Han မိသားစုက ဘယ်လိုဘယ်ပုံဆိုတာမျိုးလည်း သူက သိပ်မသိ။ အရမ်းများ အဆူခံနေရမလား..။ လောလောဆယ် Park Chanyeol နဲ့ သူ့အဖေကတော့ စက်ရုံကိစ္စနဲ့ မအားမလပ်ဖြစ်နေမှာ သေချာသည်။

တစ်ညလုံးလည်း အိပ်မရသည့်အပြင် မနက်ကတည်းက စိတ်စောနေတာကြောင့် Luhan အမေဖြစ်သူနဲ့ ချိန်းထားသည့်ကော်ဖီဆိုင်ကို စော၍ရောက်နေမိသည်။ ဘယ်လိုစကားမျိုးနဲ့ ထိုးစစ်ဆင်လာမလဲ သူမခန့်မှန်းနိုင်။

အချိန်ကုန်တာ နှေးသလား၊ မြန်သလားတောင် သူအာရုံမရတော့။ Han ကိုလည်း ဖုန်းခေါ်ကြည့်သေးပေမဲ့ မကိုင်တာနဲ့ စိတ်ထဲမှာ အပူမီးတကြွကြွဖြစ်နေရသည်။ ချိန်းထားတာသာမရှိဘူးဆိုရင် ဆေးရုံကိုဖြစ်ဖြစ် သွားကြည့်လိုက်ပြီ..။ အခုကျတော့ သူ့မှာ ထိုင်ခုံမှာထိုင်ရင်း စိတ်ပူနေရတာပဲ တတ်နိုင်သည်။

"ကျွန်တော်တို့စက်ရုံကိစ္စနဲ့ ပတ်သက်ပြီး..."

တစ်သက်လုံးမေ့မှာမဟုတ်သည့် ထိုအသံကြောင့် Sehun ဆိုင်ထဲမှတီဗွီကို လှမ်းကြည့်မိသည်။ Park Chanyeol ကိုယ်တိုင်ဦးစီးသည့် သတင်းစာရှင်းလင်းပွဲ။

Luhan နဲ့ သွေးသားအရင်းအချာတော့မဟုတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့သွေးတော်စပ်သေးတဲ့ Park Chanyeol ဟာ ဘာလို့များ ဒီလောက် အတ္တကြီးရသလဲဆိုတာ သူစဉ်းစားလို့ကိုမရ။ တစ်ဦးတည်းသောသားမို့ ညီရူးရူးနေချိန်နဲ့ Han လေးရောက်လာချိန်နဲ့ အချိန်ကိုက်ပြီး Luhan ကို အရမ်းချစ်မှန်းတော့ သူသိပါသည်။

"ဟင်း.."

ဖုန်းကိုမက်ဆေ့ခ်ျဝင်လာတာမို့ Luhan ဆီကများလားလို့ အလျင်အမြန်ကြည့်မိပေမဲ့ Baekhyun ဆီက ဖြစ်နေ၏။

Give and TakeTempat cerita menjadi hidup. Temukan sekarang