၃၃ (Zawgyi + Unicode)

9.3K 1.5K 119
                                    

Unicode

"Sehun.. ကိုကြီး,ကို သွားခေါ်ပေးပါလား.. ကျွန်တော် ထမင်းဝိုင်းပြင်ရမှာမို့လို့"

".. အင်းပါ"

ငြင်းချင်ပေမဲ့လည်း Han စိတ်မကောင်းဖြစ်မှာစိုး၍ Sehun အသာတကြည်ပဲ ခေါင်းညိတ်ပြလိုက်သည်။ ဖိတ်စာရွေးတဲ့နေ့နောက်ပိုင်းမှာ Park Chanyeol က အလိုက်တသိနဲ့ ရှောင်ပေးနေတာကြောင့် Sehun တို့ကြားက ရန်မီးရန်စတွေက အခုရက်ပိုင်းအတွင်းမှာတော့ တော်တော်လေး ငြိမ်ဝပ်နေသည်ဟုပဲပြောရမည်။

Han မေမေနဲ့ သူ့မေမေက ခန်းမစီစဥ်ဖို့အတွက်သွားကြတာဖြစ်ပြီး အိမ်အကူအဒေါ်ကြီးကလည်း ဒီနေ့မလာတာမို့ Han တို့အိမ်မှာ ဟင်းမချက်ပေ။ Sehun တို့အိမ်မှာတော့ အဒေါ်ကြီးရှိနေပေမဲ့ အိမ်ကပက်ကျိကောင်လေးက ပီဇာမှာစားချင်စားနေမှာ။ အဲ့ကောင်လေးက လူကြီးတွေ မရှိရင် မရှိသလိုကို သောင်းကျန်းသည်။

သူတို့နှစ်ယောက်ကတော့ ခန်းဝင်ပစ္စည်းတွေ သွားကြည့်ပြီးအပြန်မှာ Han ကြိုက်တဲ့စားသောက်ဆိုင်ကနေပဲ ဟင်းတွေ ပါဆယ်ဝယ်ခဲ့ရသည်။ အစားအသောက်ထုပ်တွေကို မီးဖိုချောင်ထဲအထိ Sehun ကူသယ်ပေးပြီးနောက်မှ အပေါ်ထပ်ကို တက်လာခဲ့၏။

အိမ်မှာနေရင် နားကြားကိရိယာဖြုတ်ထားတတ်တဲ့ Park Chanyeol က အိမ်ကို သူတို့ပြန်ရောက်လာတာတောင် သိပုံမရဘူး။ အဲ့လိုပုံနဲ့ သူခိုးဝင်ခိုးခံရရင်တောင် Park Chanyeol သိမှာမဟုတ်။

"Park Chanyeol"

အခန်းတံခါးကို ခပ်ဆဆခေါက်ရင်း Sehun အော်ခေါ်မိသည်။ မကြားဘူးဆိုရင်တောင်မှ အသံမပေးဘဲနဲ့ သူများအခန်းထဲကို စွတ်ဝင်မသွားချင်။ အထူးသဖြင့် Park Chanyeol ရဲ့အခန်းထဲဆို ပိုတောင်မဝင်ချင်သေး။ တစ်မိနစ်လောက်ကြာသည်အထိ ဘာမှမကြားရတော့ Sehun ထပ်အော်လိုက်သည်။

"Park Chanyeol!"

ဒီတစ်ခါခေါ်လို့မှ ထွက်မလာရင်တော့ Sehun အခန်းတံခါးဆွဲဖွင့်ဖို့ပဲ ရှိတော့သည်။ နားကြားကိရိယာမတပ်ထားတဲ့သူကို လည်ချောင်းကွဲမတတ် အော်ခေါ်နေလည်း ဟိုကကြားမှာမှမဟုတ်တာ။

"ဟင်း"

Sehun သက်ပြင်းချကာ တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်သည်။ ကုတင်ပေါ်မှာ အေးအေးလူလူပင် စောင်ခြုံလျက် စာအုပ်ဖတ်နေသည့် ယောက်ဖကြီးက Sehun ဆီကို လှမ်းကြည့်လာ၏။

Give and TakeWhere stories live. Discover now