၁၁ (Zawgyi + Unicode)

10.3K 1.5K 100
                                    

Zawgyi

Luhan အိမ်သာအဝင်အထွက်ထောင့်လေးမှာ ပုန်း၍ ဝင်ပေါက်ဝကို မမှိတ်မသုန်ကြည့်နေမိသည်။ Sehun တို့က အခုထိပေါ်မလာသေး..။ စားပွဲထိုးလေးတွေတောင် သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြပြီ။ ဒါပေမဲ့လည်း သူတို့ကို ဂရုမစိုက်အားပါ။

"အဲ.."

ကားပေါ်ကနေဆင်းလာတဲ့ Sehun ကို လှမ်းမြင်လိုက်တော့ အလှထားထားတဲ့ပန်းအိုးကြီးကိုကွယ်ပြီး Luhan ငုတ်တုတ်လေး ထိုင်ချလိုက်သည်။ တစ်ဖက်ခြမ်းကဆင်းလာတဲ့ ကောင်မလေးကို တွဲပေးနေတဲ့ Sehun ကတော့ သူ့ကို သတိရမဲ့ပုံတောင်မပေါ်...

မျက်ရည်တွေက ထွက်ပဲထွက်နိုင်လွန်းသည်။

ကောင်မလေးက.. မျက်နှာတော့သေချာမမြင်ရပေမဲ့ သွယ်သွယ်လျလျလေးနဲ့ သာမန်မိန်းကလေးတွေထက် အရပ်လည်းရှည်သည်။ ပုံစံကြည့်လိုက်တာနဲ့ ချမ်းသာတဲ့အသိုင်းအဝိုင်းကမှန်းလည်း သိသာ၏။

ဒီလိုမိန်းကလေးမျိုးက Sehun ကို သဘောမကျပဲနေပါ့မလား..။ Sehun ကုတ်အင်္ကျီကိုချွတ်ပြီး ကောင်မလေးပေါင်ပေါ်ကို လွှားတင်ပေးတာကိုမြင်ပြီးချိန်မှာတော့ Luhan နံရံဘက်ကိုမျက်နှာမူပြီး ကုပ်ကုပ်လေးထိုင်ငိုမိတော့သည်။

အဲ့လိုမြင်ရမယ်မှန်းသိရင် လာကိုမလာခဲ့ပါဘူး။

ရုပ်ပျက်ဆင်းပျက်ငိုပြီးမှတော့ ဘယ်လိုပုံစံနဲ့ အပြင်ပြန်ထွက်ရမလဲမသိ..။ နည်းနည်းလေးငိုမိရင်တောင် နှာခေါင်းထိပ်တွေပါနီပြီး အရမ်းသိသာတတ်တာ အခုလိုအကွဲအပြဲဖြစ်ပြီးရင်တော့ မျက်လုံးတွေပါ တစ်နေကုန်ရောင်နေတော့မည်။ ကံမကောင်းပဲ ကိုကြီးနဲ့အိမ်မှာဆုံတဲ့အထိ သိသာနေသေးပါက အစ်အောက်မေးမြန်းခံရတော့မည်။

တွေးရင်းနဲ့ပင် တော်တော်လေး စိတ်ညစ်သွားရသည်။

"ငိုလို့ဝပြီလား"

လက်ကိုင်ပုဝါအဖြူလေးကို ပါးနားမှာ တေ့ပေးလာသည့်အသံပိုင်ရှင်က ဘယ်သူလဲလှည့်ကြည့်စရာမလို..။ ပါးပေါ်ကမျက်ရည်စတွေကို လက်ဖနောင့်နဲ့အမြန်သုတ်ပစ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်သည်။ Sehun က သူ့အနောက်မှာ မတ်တပ်ရပ်လျက် ပြုံးပြီးငုံ့ကြည့်နေ၏။

Give and TakeWhere stories live. Discover now