Unicode
ကမ်းခြေဆိုတော့ အေးအေးလူလူစကားပြော၊ ပင်လယ်စာတွေစားပြီး နေဝင်တာထိုင်ကြည့်မည်လို့ တွေးထားခဲ့သော်လည်း တကယ်တမ်းကျတော့ Baekhyun ရဲ့စိတ်ကူးတွေက ဘာမှဖြစ်မလာပါ။
ပိတ်ရက်မို့လို့ လူများနေသည့် ကမ်းခြေတစ်လျှောက်မှာလည်း ထိုင်စကားပြောမနေချင်တာနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာပဲ စားရင်းသောက်ရင်း ဟိုဟိုဒီဒီ ထွေရာလေးပါးပြောရင်း နာရီပိုင်းခန့် အချိန်ကုန်ဖြစ်ခဲ့သည်။
"နေဝင်တာကို ကြည့်ချင်တာမလား"
နေဝင်ခါနီးနေပြီဆိုပေမဲ့ ကမ်းခြေမှာ အကြံတူသူတွေ အုပ်စုလိုက်ရှိနေတာမို့ Chanyeol ရဲ့ မေးခွန်းကို Baekhyun ခပ်လေးလေးသာ ခေါင်းညိတ်ပြမိသည်။
"အဲ့ဒါဆို သွားမယ်လေ"
"ဒါပေမဲ့ သား လူတွေအများကြီးနဲ့တော့ မကြည့်ချင်ဘူး"
"အင်းပါ ကိုယ်သိပါတယ်"
Baekhyun ဦးလေးကြီးကို ကြောင်တောင်တောင်နှင့် မော့ကြည့်မိသည်။ ကမ်းစပ်မှာ ဒီလောက်လူတွေများနေတာကို.. ။ ဒါပေမဲ့ မေးခွန်းထပ်မထုတ်တော့ဘဲ ဦးလေးကြီးနောက်ကသာ လိုက်လာခဲ့၏။
ဘယ်ကိုသွားနေမှန်း အစကမသိပေမဲ့ စျေးကြီးမှန်းသိသာနေသည့်ဟိုတယ်တစ်ခုကို Chanyeol ရဲ့ခြေလှမ်းတွေက ဦးတည်နေတော့ Baekhyun ကမန်းကတန်း မေးဖို့ပြင်ရသည်။
"ဟိုတယ်ခန်းက ဘာလုပ်ဖို့လဲ"
ရီဆက်ပ်ရှင်က ကောင်မလေးမကြားအောင် Baekhyun ဦးလေးကြီးအနားကိုကပ်၍ ခပ်တိုးတိုးလေး ပြောမိသည်။
"နေဝင်တာကြည့်ဖို့လေ"
ခပ်အေးအေးလူလူပြန်ပြောတဲ့ ဦးလေးကြီးက စျေးကြီးတဲ့ဟိုတယ်ခန်းကိုလည်း နှစ်ခါမစဥ်းစားဘဲ ငှားပစ်တော့မည့်ပုံစံနှင့်။
"အဲ့လို နေဝင်တာမြင်ရတဲ့အခန်းတွေက စျေးကြီးတာကို"
"ကိုယ့်မှာ စုထားဆောင်းထားတာ များပါတယ်ကွ"
ပြောလို့လည်း ရမှာမှမဟုတ်တဲ့အတူတူ Baekhyun ဘာမှထပ်ပြောမနေတော့ဘူး။ ဝန်ထမ်းကောင်မလေးပေးတဲ့ အခန်းသော့ကိုယူပြီး အရှေ့ကဦးဆောင်လျှောက်သွားတဲ့ Chanyeol နောက်ကိုသာ လိုက်လာခဲ့တော့သည်။
![](https://img.wattpad.com/cover/165707753-288-k919909.jpg)
STAI LEGGENDO
Give and Take
FanfictionOverprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020)