Unicode
ဧည့်ခန်းထဲမှာ လူလေးယောက်ရှိနေပေမဲ့ တိတ်ဆိတ်နေတဲ့ အနေအထားကပဲ Baekhyun ကို ပိုအနေရခက်စေ၏။ အထူးသဖြင့် မေမေ့ရဲ့ မျက်နှာရိပ်မျက်နှာကဲက မှန်းဆလို့ မရတာကြောင့် စိုးရိမ်စိတ်က မြင့်တက်နေရသည်။
ဦးလေးကြီးကို လှမ်းကြည့်လိုက်တော့လည်း သူ့ဘာသာ မနည်းစိတ်ငြိမ်အောင်နေနေရသည့်ဟန်နှင့် လက်ဖဝါးနှစ်ဖက်ကို ယှက်ကိုင်ကာ ငြိမ်ငြိမ်သက်သက်ကလေး။
"အိမ်ပြန်နောက်ကျမယ်ဆိုရင်လည်း အိမ်ကို ဖုန်းလှမ်းဆက်ရမှာပေါ့ Baekhyunee"
မေမေ့အသံက အနည်းငယ်မာနေတာမို့ Baekhyun နည်းနည်းတော့ ကြောက်မိ၏။
"လှမ်းပြောနေရင်.. ဆူမှာစိုးလို့"
အတတ်နိုင်ဆုံး မျက်နှာလေးငယ်ထား၍ သနားစရာကောင်းအောင်ပြောပါသော်လည်း ဒီတစ်ခါတော့ မေမေက အလျှော့ပေးမည့်ပုံမပေါ်သည်မို့ Baekhyun စိတ်ညစ်လာရသည်။
"ဆူရမဲ့ကိစ္စမလုပ်ထားရင် ဆူစရာမလိုဘူးပေါ့"
ဦးလေးကြီးဘက်ကို တစ်ချက်လှမ်းကြည့်၍ အဓိပ္ပာယ်ပါပါပြောတဲ့စကားက ဘာကိုရည်ညွှန်းသလဲဆိုတာ သူရိပ်မိပါသည်။ အားကိုးတကြီးနဲ့ ကိုကို့ဘက်ကို လှည့်၍ စစ်ကူခေါ်မည်ကြံတော့လည်း ကိုကိုကပါ မျက်စိပျက်မျက်နှာပျက်နှင့်မို့ သူပဲ ပိုအားလျော့သွားရ၏။
"မင်္ဂလာပွဲကလည်း ဘယ်နှရက်မှမလိုတော့ဘူးဆိုတော့ အကုန်လုံးစိတ်ရှုပ်ရအောင်လည်း မလုပ်ချင်ပါဘူး... ဒါပေမဲ့ Chanyeol ကိုလည်း အန်တီ တစ်ခုတော့ သေချာရှင်းရှင်းလင်းလင်း ပြောထားချင်သေးတယ်"
နာမည်ခေါ်သံကိုကြားလိုက်မှ Chanyeol ဖျတ်ခနဲ အသိစိတ်ပြန်ဝင်လာမိသည်။ တစ်ခုခုပြန်ဖြေရမယ်မှန်းသိပေမဲ့ စိုးရိမ်စိတ်ကြီးလွန်းနေတာနဲ့ သူ့မှာ ဘာစကားတစ်ခွန်းမှတောင် ထွက်မလာနိုင်ပေ။
"Baekhyun က သားကို ဘယ်လိုပဲ ခံစားချက်ရှိနေသေးတယ်ဆိုဆို သားကပဲ အကြီးပီပီနဲ့ ဖြစ်သင့်တာကို လုပ်ပေးပါ"
"မေ-"
Baekhyun ရဲ့ အသံတိုးတိုးက Sehun ရဲ့ မျက်စောင်းတစ်ချက်ကြောင့် တိခနဲ ပြတ်ကျသွားရသည်။ အလိုက်ကမ်းဆိုးမသိသည့် ညီဖြစ်သူကို ဘယ်လိုလုပ်ရမလဲ Sehun မသိတော့ပါ။ အခုအချိန်မှာ မေမေ့ကို ဒေါသထွက်အောင် ထပ်ဆွမိတာက မီးလောင်ရာ လေပင့်နေသလိုပဲဆိုတာ ဒီကောင်လေး မသိဘူးလား..။
YOU ARE READING
Give and Take
FanfictionOverprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020)