Unicode
"ကိုကိုက လက်ထပ်ပြီးရင် အိမ်ခွဲနေမှာလား"
ခြေသလုံးဖြူဖြူလေးပေါ်က အရှိုးရာတွေကို Sehun ဆေးထည့်ပေးနေရင်းနဲ့ ခဏတုန့်ဆိုင်းသွားမိသည်။
"မစဥ်းစားရသေးပါဘူးကွာ"
ကုတင်ပေါ်မှာ မှောက်လျက်အိပ်နေတဲ့ Baekhyun ရဲ့မျက်နှာကို မမြင်ရပေမဲ့ သူအိမ်ခွဲနေမှာကို သဘောမကျလောက်ဘူးထင်သည်။
သားအမိသုံးယောက်တည်းရှိတဲ့ သူတို့အိမ်က သူပါ,မရှိရင် တအားခြောက်ကပ်သွားတော့မှာပင်။
နေ့ခင်းဘက်တွေဆို ဒီကလေးတစ်ယောက်တည်း။
"အစ်ကို Luhan ကိုပါခေါ်ပြီး ဒီမှာနေလို့ရတာပဲနော်.. သားပြောလိုက်မယ်လေ.. မေမေက ကိုကို့အခန်းကို ထပ်ချဲ့ပြီး ပြင်ဆင်ပေးမှာပေါ့"
"အင်း"
Sehun သံယောင်လိုက်ပေးမိပေမဲ့ Luhan ကို သူ့အိမ်လိုက်နေခိုင်းဖို့ဆိုတာကလည်း သူတစ်ယောက်တည်း လွယ်လွယ်ကူကူဆုံးဖြတ်လို့ရတဲ့ကိစ္စမှမဟုတ်တာ။
သူတို့နှစ်ယောက်ကို Han မိဘတွေ သဘောတူတယ်ဆိုတာ သူ့ကိုလိုလိုလားလားလက်ခံပေးတာထက် Baekhyun ရဲ့တောင်းဆိုမှုကြောင့်လည်းဖြစ်နိုင်သည်။
Baekhyun အပေါ်မှာ သူတို့ရဲ့သားကြီးလုပ်ခဲ့တဲ့အပြစ်တွေကို အနည်းငယ်လေး ကျေလိုကျေငြား Baekhyun ဆန္ဒကို ထည့်တွက်ပေးကြတာ..။
အဲ့လိုတွေးမိရင် အစ်ကိုဖြစ်ပြီး ကိုယ့်လက်ထပ်ပွဲအတွက် ညီကို ချနင်းနေရသလားလို့တောင် Sehun တွေဝေမိပြန်သည်။
"ဒါပေမဲ့ အစ်ကို Luhan ကို သူ့အိမ်က ဘယ်ထည့်ပေးလိုက်ချင်မလဲနော်"
"ခြေထောက်က ငြိမ်ငြိမ်နေ"
လှုပ်နေတဲ့ခြေသလုံးကို မနည်းဖမ်းဆွဲပြီး ဆေးထည့်နေရတာ စိတ်မရှည်တော့လို့ Sehun လှမ်းငေါက်မိသည်။
ချစ်စရာကောင်းသလောက် အငြိမ်မနေတဲ့မျောက်ကလေး..။
"သူ့အိမ်ကို ကိုကိုလိုက်နေရင်လည်း ဦးလေးကြီးနဲ့ အဆင်မပြေ အဲ.."
သူ့ဘာသာပြောနေရင်းနဲ့မှ Chanyeol အကြောင်းပါလာတော့ Sehun ကို လှမ်းကြည့်သည်။ Sehun မျက်စောင်းလှမ်းထိုးလိုက်ပေမဲ့ ဘာမှတော့ထပ်မဆူနေတော့ဘူး။
YOU ARE READING
Give and Take
FanfictionOverprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020)