၉ (Zawgyi + Unicode)

10.4K 1.4K 103
                                    

Zawgyi

"သားငယ်.. မှိုင်လှချည်လား.. ထမင်းစားမကောင်းလို့လား"

မေမေ့အသံကြားမှ Chanyeol လည်း Luhan ကို သတိထားမိတော့သည်။ သူ့မှာ တစ်နေကုန် စိတ်နဲ့လူနဲ့မကပ်တာ တကယ် ဘာမှကို သတိမထားမိ။ အခုကြည့်မိတော့မှ Luhan မျက်နှာလေးက မှိုင်တွေတွေရယ်။ ထမင်းတွေကလည်း ပန်းကန်လုံးထဲမှာမလျော့။

"နည်းနည်းပင်ပန်းနေလို့ပါ"

ပေးတဲ့အကြောင်းပြချက်ကတော့ အမြဲတစ်ပုံစံတည်းပဲဖြစ်သည်။ မေမေတို့က Chanyeol ထက် အငယ်လေးဖြစ်တဲ့ Luhan ကိုပိုချစ်ကြတာကြောင့် သူ့ကိုပဲအရိပ်တကြည့်ကြည့်..။

"မေးဖို့မေ့နေလိုက်တာ.. နေ့လည်က သား သွားတွေ့တာ အဆင်ပြေလား"

အမလေး.. မေးမှမေးပါ့မလားလို့။ Chanyeol ထမင်းစားရင်းကနေ တူကို ပန်းကန်လုံးဘေးသို့ ဆတ်ခနဲ ဆောင့်ချလိုက်သည်။ ဒီအပြုအမူနဲ့တင် မေမေကတော့ သဘောပေါက်တဲ့ပုံနဲ့ သက်ပြင်းခပ်ယဲ့ယဲ့ကိုချ၏။

"အဲ့ကောင်မလေးအသက်က အခုမှ ၂၁ နှစ်နော် မေမေ.. သားက မြီးကောင်ပေါက်လေးတွေကို စိတ်ဝင်စားတယ်ထင်နေတာလား"

အသက် ၂၁ နှစ်ဆိုတဲ့အသံကြားမှ Luhan ကပါ မျက်လုံးလေးဝင့်ကြည့်လာသည်။ သူ့ထက်တောင် ငယ်နေတယ်မဟုတ်လား..။

စိတ်တိုတိုနဲ့ ပြောပစ်လိုက်သည့်တိုင် မေမေကတော့ ခေါင်းတခါခါနှင့်သာ။

"သားရယ်.. မင်း အိမ်ထောင်ပြုဖို့ရော စိတ်ကူးရှိရဲ့လား.. အသက်ပဲ ၃၀ နားကပ်နေပြီ.."

အသက် ၃၀ နားကပ်တာ ဘာဖြစ်တာမှတ်လို့.. Chanyeol ပြန်မပြောမိပေမဲ့ စိတ်ထဲမှာတော့ မကျေနပ်။ လူပဲ.. အသက်ကြီးမလာလို့ ငယ်သွားရမလား။

"သားငယ်ရော ချစ်သူရှိလား"

Luhan လန့်ဖြန့်ပြီး မျက်နှာချင်းဆိုင်က ကိုကြီးကို လှမ်းကြည့်မိသည်။ ကိုကြီးကလည်း သူ့ကို ကြည့်နေတာနဲ့ဆုံသွားတော့ ကမန်းကတန်းအကြည့်လွှဲလိုက်ရသည်။

"မ..ရှိသေးပါဘူး"

"မင်းတို့ညီအစ်ကိုကလည်း ဒီအသက်တွေပဲရောက်နေပြီ.. ချစ်သူရည်းစားလေးတောင် အဖြစ်ရှိအောင်မထားကြဘူး"

Give and TakeWhere stories live. Discover now