၁၆ (Zawgyi + Unicode)

9.5K 1.3K 12
                                    

Zawgyi

"Baekhyunee"

အခန်းတံခါးကိုတွန်းဖွင့်ရင်း အသံပြုနှုတ်ဆက်ပြီးမှ ကုတင်ပေါ်မှာ ဆူပုတ်ပုတ်လေးထိုင်နေသော Baekhyun ကြောင့် သူ ဝင်ရမလို၊ ထွက်ရမလိုဖြစ်သွား၏။

"အစ်ကို.. လာလေ"

သူ ကိုးရို့ကားယားဖြစ်နေတာကိုမြင်ပြီး ကောင်လေးက လှမ်းခေါ်သည်။ တော်သေးတာပေါ့.. အရှက်ကွဲတော့မလို့။

Sehun က အစက အမေ့ကိုပို့ပြီးတာနဲ့ ပြန်လာခဲ့မယ်ဆိုပြီးထွက်သွားပေမဲ့.. အိမ်ရောက်တော့ ရေမိုးချိုးချင်လို့ ကလေးကိုနည်းနည်းကြည့်ပေးထားပါဦးဆိုပြီး ဖုန်းဆက်လာတာနဲ့ Luhan လည်း ခဏခဏဝင်ကြည့်ပေးနေရသည်။

"ကိုကိုကလည်း ကြာလိုက်တာနော်.."

သူ့ကို တိုင်သလိုလေး ရေရွတ်လာတာမို့ Luhan ပြုံးမိသည်။

"Sehun က ရေချိုးနေလို့တဲ့"

"ပျင်းပါတယ်ဆိုမှ.. ဟိုလူကြီးကလည်း ဖုန်းချသွားတယ်"

ဘယ်သူ့ကိုပြောမှန်းမသိပေမဲ့ သူလည်း ဘာမှမမေးမိ။ အခု သူက Sehun ရဲ့သူငယ်ချင်းအနေနဲ့သာ မိသားစုကို မိတ်ဆက်ထားသေးတာမလား..။ တအားစည်းကျော်သလိုဖြစ်မှာစိုးရိမ်မိသည်။ သူတို့က သာမန်ချစ်သူရည်းစားတွေလိုအခြေအနေလည်းမဟုတ်။

"ဒါနဲ့.. သားက နက်ဖြန်ကျရင် ဆေးစစ်ဖို့ကျန်သေးတာလား"

"မကျန်တော့ပါဘူး.. ဆေးစစ်ချက်အဖြေထွက်တာကိုပဲ စောင့်ရတော့မှာ.. အန်တီနဲ့ Sehun က Baekhyunee ကို အိမ်မှာတစ်ယောက်တည်း မထားထားချင်လို့ ဆေးရုံမှာခဏနေခိုင်းထားတာ.. ဆေးရုံမှာဆိုတော့ အစ်ကိုလည်း ခဏခဏလာကြည့်ပေးနေလို့ရတယ်လေ"

သိပ်ကျေနပ်ပုံမရပေမဲ့ ခေါင်းတညိတ်ညိတ်နဲ့ ငြိမ်ကျသွားတဲ့ကောင်လေးကိုကြည့်ပြီး သူပြုံးမိပြန်သည်။ ချစ်စရာကောင်းလိုက်တာ.. ဘယ်လိုနေနေ ကလေးဆန်တဲ့ပုံစံလေးနဲ့လိုက်ဖက်တဲ့ သွက်သွက်လက်လက်ကလေးလေး..။ သူလည်း ဒီလိုညီလေးတစ်ယောက်လောက်လိုချင်မိသည်။ Sehun ကို မနာလိုပါ။

ကိုယ့်ထက်အငယ်လေးကို တွေ့ရ၍လားမသိ.. မသိစိတ်က ကိုကြီးကိုသတိရမိသွားသည်။ ကိုကြီးလည်း သူ့ကိုအရမ်းချစ်တာသူသိသားပဲ..။

Give and TakeWhere stories live. Discover now