၂၅ (Zawgyi + Unicode)

9.8K 1.4K 40
                                    

Zawgyi

"တောင်းပန်ပါတယ်.."

ဖောင်းမို့နေတဲ့မျက်ခွံတွေရော၊ ခပ်အစ်အစ်ဖြစ်နေတဲ့မျက်နှာရော၊ နီရဲနေတဲ့နှာခေါင်းထိပ်လေးရောကိုကြည့်ခြင်းအားဖြင့် စိတ်ရောကိုယ်ပါမောပန်းနွမ်းနယ်နေသည့်အချိန်ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေမဲ့ အစ်ကို Luhan ဟာ သူ့ရှေ့ကို အရောက်လာပြီး ဒူးထောက်တောင်းပန်၏။

ဒါဆို သူကရော..?

သူလည်း အစ်ကို Luhan ထက် မများရင်တောင်မှ မလျော့တဲ့ အပူမီးကြီးကို ရင်ဝယ်ပိုက်ပြီး အရုပ်ကြိုးပြတ်လဲကျနေရတာပဲမလား။

အစ်ကို Luhan ရင်ခွင်ထဲမှာ သတိလစ်မေ့မျောနေတဲ့ ဦးလေးကြီးကိုမြင်လိုက်ချိန်တစ်ခဏက သူ့အတွက် ကမ္ဘာကြီးပြောင်းပြန်လန်သွားသလိုပဲ။

အိုင်ထွန်းနေတဲ့သွေးကွက်ကြီးက ဦးလေးကြီးဆီကတဲ့..။ သူ့နည်းတူပါပဲ.. ကိုကိုဟာလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားခဲ့ပါသည်။

ဝဋ်လည်တယ်ပြောရင်တောင်မှ ဦးလေးကြီး ကိုကို့,ကို ကားနဲ့တိုက်မိတုန်းက ကိုကိုက ခြေထောက်ပဲထိသွားခဲ့တာ.. ဘာလို့ ကိုကို့ကားနဲ့ ဦးလေးကြီးကိုတိုက်မိတဲ့အခါကျမှ..... ဒီလိုတွေ..။

အတွေးနဲ့အတူ မျက်ရည်တစ်စက်က ပေါက်ခနဲ။

"ကိုကြီးအစား... ကျွန်တော်က.. ကျွန်တော်ကပဲ တောင်းပန်ပါတယ်"

"ဘာအတွက်လဲ"

သူ မေးလိုက်တော့ အစ်ကို Luhan က သူ့ကို တွေတွေကြီး ငေးကြည့်လာသည်။

ကိုကို သိပ်ချစ်ရတဲ့မျက်ဝန်းကြည်တောက်တောက်လေးတွေက အခုတော့မှိုင်းညို့အက်ကွဲလို့ရယ်..။

"ဘာအတွက်လဲလို့.."

အဖျားခတ်တုန်ယင်သွားတဲ့ကိုယ့်အသံကို Baekhyun အားမလို အားမရဖြစ်မိသည်။

"အကုန်လုံးပါပဲ.. ဖြစ်ခဲ့တာတွေ အကုန်လုံးအတွက် ကိုကြီးကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်နော်.."

ပြောစရာစကားမရှိတော့တာကြောင့် Baekhyun ငြိမ်သက်နေမိ၏။ ဇာတ်လမ်းက ဆုံးနေပြီပဲ..။

Give and TakeWhere stories live. Discover now