၆ (Zawgyi + Unicode)

9.9K 1.5K 114
                                    

Zawgyi

"ကိုကိုတို့ကုမ္ပဏီမှာ အချိန်ပိုင်းအလုပ်မလိုဘူးလား"

စာရင်းတွေစစ်နေရင်းနဲ့ပင် Sehun ရယ်ချင်သွားမိသည်။ ပြောတဲ့ပုံကိုလည်း ကြည့်ဦး.. ကိုကိုတို့ ကုမ္ပဏီဆိုတော့ သူနဲ့မဆိုင်သလိုလို၊ နောက်ပြီး အချိန်ပိုင်းအလုပ်တဲ့။ ကုမ္ပဏီကို ကော်ဖီဆိုင်မှတ်သလားမသိ..။

"ဘာလဲ ဖုန်းဝယ်ဖို့လား"

"အင်းလေ ကိုကိုရော မေမေရော သားကိုမှ မဝယ်ပေးတာ"

"ကုမ္ပဏီမှာတော့ အချိန်ပိုင်းအလုပ်မရှိပါဘူးခင်ဗျ"

သူရွဲ့ပြောလိုက်တော့ ဆူပုတ်ပုတ်ဖြင့်။ ဆိုဖာပေါ်မှာ ခြေဆင်းထားတဲ့ခြေထောက်တစ်ဖက်က သူ့ပေါင်ပေါ် ဖတ်ခနဲရောက်လာသေး၏။

"ကိုကို့အဆက်ဟောင်းက ဘယ်မှာအလုပ်လုပ်တာလဲ"

အဆက်ဟောင်းလို့ မခေါ်စမ်းပါနဲ့ လို့ ပြန်ပြောချင်ပေမဲ့ အခုချိန်မှာ သူနဲ့ကိုယ်က လက်ဆုပ်လက်ကိုင်ပြစရာ ရေရေရာရာဆက်ဆံရေးမဟုတ်လေတော့ လျှာဖျားက စကားလုံးတွေကို ပြန်မြိုချထားလိုက်ရသည်။

"သူက ဆရာဝန်"

"ဆေးရုံကန်တင်းမှာ အချိန်ပိုင်းအလုပ်ရှိလား"

"ရှိမှာပေါ့.. မသိဘူးလေ.."

"ကိုကိုက မေးပေးလေလို့"

ခိုင်းချင်တာရှိရင် လေသံကတစ်မျိုး..။ Sehun မျက်စောင်းထိုးကြည့်လိုက်သော်လည်း လပ်တော့ပ်ကိုဘေးချ၍ ဖုန်းကိုလက်လှမ်းပြီးသားဖြစ်သည်။ ဆေးရုံမှာတုန်းက ဖုန်းဆက်မယ်ဆိုပြီး ပြောခဲ့ပေမဲ့ တကယ်တမ်းကျတော့ သူ့မှာ Han စိတ်ဆိုးမှာကြောက်တာနဲ့ မဆက်ရဲ။ ဒါပေမဲ့ အခုတော့ ဂျစ်တူးငရှုပ်လေးကောင်းမှုနဲ့ စကားပြောစရာရသွားပြီမို့ တော်ပါသေး၏..။

တတူတူမြည်နေသော ဖုန်းသံလေးရဲ့နောက်မှာ အိပ်ချင်မူးတူး ဟယ်လို ဆိုသည့်ဖြေသံလေး...

"ဟယ်လို.. Han"

"အင်း.. Sehun"

အသံလေးကြားတာတောင်မှ ဒီလောက်ချစ်ဖို့ကောင်းနေတာ..၊ အိပ်ချင်မူးတူးမျက်နှာလေးသာမြင်ရရင် Sehun ဘာမှမစားပဲတောင် ဗိုက်ပြည့်နိုင်လောက်သည်။

Give and TakeWhere stories live. Discover now