၁၅ (Zawgyi + Unicode)

11.4K 1.5K 81
                                    

Zawgyi

နွေးနွေးထွေးထွေးရင်ခွင်ကျယ်ကြီးထဲ ဝင်တိုးရင်း Luhan သူ့ခါးကိုခပ်တင်းတင်းဖက်ထားမိသည်။ အခု စီနီယာတစ်ယောက်ရဲ့နားနေခန်းထဲမှာ သူတို့နှစ်ယောက်တည်း။

တစ်ဦးတည်းသောညီလေးကို သူအရိပ်တကြည့်ကြည့်စောင့်ရှောက်လာခဲ့တာ အခုဆေးစစ်ချက်မှာ တစ်စုံတစ်ရာမှားယွင်းထွက်လာပါက သူဘယ်လောက် ပြိုလဲသွားမလဲ Luhan မတွေးရဲ။ မနေ့ကတည်းက Sehun အရမ်းစိတ်ပူနေခဲ့မှာ.. တစ်ညလုံးလည်း သေချာအိပ်ရပုံမပေါ်။

"အဆင်ပြေမှာပါ Sehun ရယ်"

ကျောပြင်ကျယ်ကို ခပ်ဖွဖွပွတ်ပေးရင် သူ ကလေးချော့သလိုချော့ပြောမိသည်။ မိသားစုကအားကိုးရတဲ့ အိမ်ထောင်ဦးစီးယောက်ျားသားတစ်ယောက်နေရာကို ထမ်းထားရသူ Sehun လည်း ပျော့ညံ့ချင်တဲ့အချိန်တွေရှိခဲ့မှာ..။ မှီတွယ်ဖို့ ရင်ခွင်တစ်စုံ၊ ငိုကြွေးဖို့ ပုခုံးတစ်ဖက် လိုအပ်ခဲ့မှာ...။

အဲ့လိုအချိန်တွေကို သူက အနားမှာရှိမပေးနိုင်ခဲ့တဲ့အတွက်လည်း စိတ်မကောင်း။ ဒါပေမဲ့ အခုချိန်ကစပြီး အနားမှာရှိနေပေးတော့မှာပါ။

"အားတွေရှိသွားပြီ"

Sehun က သူ့ပါးပြင်ကိုနှာခေါင်းထိပ်လေးနစ်ဝင်သည်အထိ နမ်းရှိုက်ရင်း လေသံတိုးတိုးဖြင့်ပြောသည်။

"ကလေးကို ကျွန်တော်နဲ့မိတ်ဆက်ပေးဦးလေ"

နှုတ်ခမ်းမွေးရေးရေးလေးထွက်နေတဲ့ နှုတ်ခမ်းအထက်နေရာတဝိုက်ကို သူလက်ဖျားလေးနဲ့ တို့ထိထိလုပ်ပြီး ပြောမိသည်။ ဆံပင်တွေကလည်း အရင်နေ့တွေကလို သေသေသပ်သပ်မဟုတ်။ ဒါပေမဲ့ Sehun က ကြည့်ကောင်းဆဲ။

"မေမေနဲ့ပါ တစ်ခါတည်း မိတ်ဆက်ပေးမယ်လေ"

"မြန်လှချည်လား Oh Sehun ssi"

"အချစ်ကို လက်လွတ်မခံနိုင်တော့ဘူးလေ.. မြန်မြန်တံဆိပ်ကပ်ထားချင်ပြီ"

ဒီလိုအပြောတွေနဲ့ပဲ လူကိုချုပ်ပါ..။ အဲ့လိုမပြောတောင် ဒီလူက အလိုလိုနေရင်း သူ့ကျော့ကွင်းမှာပဲ ထပ်ခါထပ်ခါသွားပြီး ခြေချုပ်မိနေတော့လည်း အခက်သား...

Give and TakeWhere stories live. Discover now