Zawgyi
"သူ့ကိုဖမ်း!!!!!..."
Inop မြို့တော်ထဲက များပြားလှစွာသော ပြည့်တန်ဆာအိမ်တွေထဲကမှ တစ်ခုဆီသို့ ငယ်ရွယ်တဲ့မိန်းကလေးအချို့ကို သိုးအုပ်လိုမျိုး အတင်းအကျပ်ဝင်ခိုင်းနေတဲ့အချိန်မှာ အသက်၁၂နှစ်အရွယ်မိန်းကလေးတစ်ဦးကတော့ ရုတ်ချည်းဆိုသလို ထွက်ပြေးလို့သွားလေတယ်... နေရာမှာရှိနေတဲ့ အစောင့်သုံးဦးတင် အံ့အားသင့်သွားရုံမက အနောက်တံခါးမှာနေရင်း မိန်းကလေးတစ်ဦးချင်းစီကို စစ်ဆေးနေတဲ့ ပြည့်တန်ဆာအိမ်ပိုင်ရှင်ပါ သူမရဲ့ ထွက်ပြေးလွတ်မြောက်မှုအတွက် အင်မတန် ထိတ်လန့်သွားခဲ့လေတယ်...
တစ်စုံတစ်ဦးဟာ ရောင်းချခံရလို့ဖြစ်စေ၊ ပြန်ပေးဆွဲခံရလို့ဖြစ်စေ၊ အလှည့်ဖျားခံရလို့ပဲဖြစ်စေ ဒီအနီရောင်နယ်မြေထဲကို ၀င်ရောက်မိလိုက်ပြီဆိုတာနဲ့ သူရဲ့အလိုဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ဟာ ကျန်ရစ်နေတဲ့ သက်တမ်းတစ်လျှောက်လုံးမှာတော့ ပြည့်တန်ဆာအဖြစ်သာ အသက်မွေးဝမ်းကြောင်းပြုရလေတော့တယ်...
ဒီမိန်းကလေးငယ်အစုဟာ ငယ်ရွယ်တဲ့ သူတို့ရဲ့ အသက်နဲ့ ဆန့်ကျင်လှစွာပဲ ဒီပြည့်တန်ဆာအိမ်တော်ကို ၀င်ရောက်ဖို့ဆိုတဲ့ သူတို့ဘ၀ရဲ့ကံကြမ္မာကို လက်ခံပြီး နားလည်လို့နေတယ်... သူတို့ရဲ့ စိတ်ထဲကခံယူချက်ကတော့ ညစ်ပတ်ပေရေပြီး အန္တရာယ်ရှိတဲ့ မြို့တော်မှာနေပြီး ငတ်သေခြင်းထက် ပြည့်တန်ဆာအဖြစ်အသက်ရှင်နေထိုင်ခြင်းကမှ သာလွန်တယ်ဆိုတဲ့အချက်ပဲဖြစ်လေတယ်...
အနည်းဆုံးတော့ ဒီပြည့်တန်ဆာအိမ်ဆိုတဲ့နေရာမှာ သူတို့အတွက် စားဖို့အစားအစာ၊ သောက်စရာအတွက် သန့်ရှင်းတဲ့ရေ၊ ၀တ်စရာ အ၀တ်အထည်နဲ့ အိပ်စက်အနားယူစရာ အိပ်ယာနေရာတစ်ခုရှိနေသေးတယ်မဟုတ်ပါလား...
သို့သော်ငြား ဒီကိစ္စမှာ ကြီးမားတဲ့ပြဿနာတစ်ခုဟာ ရှိလို့နေတယ်...
ဒီအသက်၁၂နှစ်အရွယ် မိန်းကလေးရဲ့ခန္ဓာကိုယ်ထဲကို ၀င်စားမိတဲ့ ၀ိဥာဉ်ဟာ မတူညီတဲ့ ကမ္ဘာကလာတယ်ဆိုတဲ့အချက်ပဲပေါ့... သူမရဲ့ စိတ်ခံယူချက်ဟာ သူများတွေနဲ့မတူညီတဲ့အတွက်ကြောင့်ပါပဲ... သူမဟာ သူမရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုနည်းလမ်းနဲ့မှ မရောင်းနိုင်၊ တနည်းပြောရရင် ရောင်းဖို့လက်ခံမှာကို မဟုတ်လေဘူး...
YOU ARE READING
2. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-7 (အက်စတွန်ဇက်)
Actionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...